3 ပတ် - ဘာသာပြန်ပါ။

၂ နှစ်အတွင်း ၅ ခုမြောက်ကလပ်သို့ ပြောင်းရွှေ့လာခဲ့တဲ့ ကမ္ဘာ့အလှဆုံးဘောလုံးမယ်
=====================

အန်နာမာကိုဗစ်ဟာ ဒဏ်ရာကြောင့် ကစားသမားဘဝတိုးတက်မှု ဆိုးဆိုးရွားရွား ရပ်တန့်ခဲ့ရပြီးနောက် ၂ နှစ်အတွင်းတွင် ၅ ခုမြောက်ကလပ်သို့ ပြောင်းရွှေ့လာခဲ့ပါတယ်။
ကမ္ဘာ့အလှဆုံးဘောလုံးမယ်လို့ တင်စားခြင်းခံရတဲ့ တိုက်စစ်သမားဟာ ခရိုအေးရှားအမျိုးသမီးလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ရန် ကြိုးပမ်းနေတဲ့ Hajduk Split သို့ ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
မာကိုဗစ်ဟာ Hajduk Split တွင် ကျောနံပါတ် ၂၃ ကို ဝတ်ဆင်ကစားလာပါမယ်။
မာကိုဗစ်ဟာ ၂၀၂၃ ခုနှစ်မတ်လတုန်းက FC Zurich နှင့်ပွဲစဉ်တွင် Grasshopper အတွက် ကစားစဉ် ကစားသမားဘဝအား အကြီးအကျယ်ထိခိုက်လာစေခဲ့တဲ့ ဆိုးရွားတဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။
အသက် ၂၆ နှစ်ရှိ မာကိုဗစ်ဟာ ဒူးအရွတ်ဒဏ်ရာ၊ ကြွက်သားအမြှေးပါးစုတ်ပြဲခြင်းဒဏ်ရာအပြင် အရိုးကျိုးဒဏ်ရာပါ ရရှိခဲ့ပါတယ်။
သူမဟာ ယင်းဒဏ်ရာကြောင့် ကာလရှည်ကြာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ပြုလုပ်ခဲ့ရပါတယ်။
ယင်းနောက်ပိုင်းမှာတော့ သူမဟာ ဘရာဂါ၊ ဒါမိုင်အန့်စ်အပြင် Brooklyn FC တွင် ညီမဖြစ်သူ ကီကီနှင့် တွဲကစားခဲ့ပါတယ်။ ယခု သူမဟာ Hajduk သို့ ပြောင်းရွှေ့လာပါတယ်။
သူမဟာ ဆိုးရွားတဲ့ ဒဏ်ရာ ၃ ခု ရရှိပြီးနောက်ပိုင်း အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်လာခဲ့ရကာ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။
မာကိုဗစ်ဟာ မွေးရပ်မြေ ခရိုအေးရှားသို့ ပြန်လည်ခြေချလာချိန်တွင် အကောင်းဆုံးပုံစံပြန်လည် ရရှိလာရေး မျှော်လင့်နေပြီလည်း ဖြစ်ပါတယ်။

image