3 ပတ် - ဘာသာပြန်ပါ။

G7 ကမ္ဘာ့ခေါင်းဆောင်များရဲ့ ထိပ်သီးအစည်းအဝေးကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်အား ဘရိုက်တန်ဖျက်သိမ်းခဲ့ရ
====================

ဘရိုက်တန်ဟာ G7 အစည်းအဝေးတက်ရောက်ရန် ရောက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်များကြောင့် ကွင်းပျက်စီးခဲ့ရပြီးနောက် ပြင်သစ်တွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းမယ့် အစီအစဉ်အား ဖျက်သိမ်းလိုက်ပါတယ်။
ဖေဘီယန်ဟူဇီလာရဲ့ ဘရိုက်တန်ဟာ ၂၀၂၆-၂၇ ရာသီအတွက် ပြင်ဆင်ရန်အတွက် Evian-les-Bains သို့ ခရီးထွက်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဘရိုက်တန်ဟာ ၎င်းတို့ အသုံးပြုမယ့် ကွင်းမှာ ပြီးခဲ့တဲ့လ ကမ္ဘာတလွှားမှ ခေါင်းဆောင်များရဲ့ ရဟတ်ယာဉ်ဆင်းသက်မှုကြောင့် ပျက်စီးနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဇွန်လ ၁၅ ရက်နေ့တုန်းက ပြုလုပ်တဲ့ ယင်းထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းကီယာစတာမာ၊ ပြင်သစ်သမ္မတအီမန်နူရယ်မက်ခရွန်တို့ တက်ရောက်ခဲ့ကြပါတယ်။
ဘရိုက်တန်ဝန်ထမ်းတို့ဟာ ကွင်းကို သွားရောက်စစ်ဆေးချိန်တွင် ကွင်းမှာ အသုံးပြုရန် မဖြစ်နိုင်အောင် ပျက်စီးနေကြောင်း တွေ့ရှိရမှုနှင့်အတူ ယင်းတွင် လေ့ကျင့်န်းဆင်းမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
ဘရိုက်တန်ဟာ စနေနေ့တွင် လီဂူး ၂ ကလပ် Annecy နှင့် ခြေစမ်းပွဲကစားမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။
ဘရိုက်တန်ဟာ ပြင်သစ်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီးနောက် ဩစတြီးယားတွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းနိုင်မယ့် နေရာအား ရှာဖွေနေကြပါတယ်။
ဘရိုက်တန်ဟာ ဩဂုတ်လ ၁ ရက်နေ့တွင် လီဂူး ၁ ကလပ် စထရာဘော့နှင့် ခြေစမ်းပွဲကစားမယ့် အစီအစဉ်ကိုတော့ မဖျက်သိမ်းသေးပါဘူး။
ဘရိုက်တန်ဟာ သောကြာနှင့် စနေနေ့တို့တွင် Lancing တွင် လေ့ကျင့်ခန်းဆက်ဆင်းကာ တနင်္ဂနွေနေ့တွင် ဩစတြီးယားသို့ ထွက်ခွာပါမယ်။
ဘရိုက်တန်ဟာ ဩဂုတ်လ ၈ ရက်နေ့တွင် ရိုးမားနှင့်လည်းကောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဘိုလော့ဂ်နာနှင့်လည်းကောင်း‌ ခြေစမ်းရန် စီစဉ်ထားပါသေးတယ်။
ဟူဇီလာရဲ့ ဘရိုက်တန်ဟာ ဩဂုတ်လ ၂၀ ရက်နေ့မှာ ကွန်ဖရင့်လိဂ်ပလေးအော့ဖ်ပွဲစဉ်ကစားပြီးလျှင် ဩဂုတ်လ ၂၃ ရက်နေ့မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် အိမ်ကွင်းမှာ ဗီလာအား ဧည့်ခံကစားရပါမယ်။

image