တောင်တရုတ်ပင်လယ်တွင် ဗီယက်နမ်သင်္ဘောတစ်စင်း နစ်မြုပ်၊ လူ ၂၃ ဦး ပျေ-ာက်ဆုံး

တောင်တရုတ်ပင်လယ်၏ ရေယာဉ်အသွားအလာရှုပ်ထွေးသော ရေလမ်းကြောင်းတွင် ဗီယက်နမ်သင်္ဘောတစ်စင်း နစ်မြုခဲ့ပြီးနောက် လူ ၃၉ ဦးကို ရေထဲမှ ကယ်ဆယ်နိုင်ခဲ့ကာ ပျေ-ာက်ဆုံးနေဆဲ လူ ၂၃ ဦးကို ကယ်ဆယ်ရေးသမားများက ရှာဖွေလျက်ရှိသည်။
ဗီယက်နမ်နိုင်ငံသား ၆၂ ဦးလိုက်ပါလာသော ကုန်တင်သင်္ဘော Khoi Nguyen 18 သည် ဖိုင်ယာရီခရော့စ်သန္တာကျောက်တန်းအနီး ရေပြင်တွင် အန္တရာယ်ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်ဟု တောင်ပိုင်းဟိုင်နန်ပြည်နယ်မှ အာဏာပိုင်များက ပြောကြားခဲ့ ကြောင်း တရုတ်နိုင်ငံပိုင် စီစီတီဗီရုပ်သံဌာနက သတင်းဖော်ပြခဲ့သည်။
ဘေးအန္တရာယ်ကျရောက်နေသည့် သင်္ဘောကို တရုတ်ကယ်ဆယ်ရေးသင်္ဘော နန်ဟိုင်ကျူး ၁၁၅ က စနေနေ့ညနေပိုင်းတွင် ပထမဆုံး တွေ့ရှိခဲ့ကြောင်း စီစီတီဗီက ပြောကြားခဲ့သည်။
အခင်းဖြစ်ရေပြင်တွင် တရုတ်သင်္ဘောခြောက်စင်း၊ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စင်းနှင့် ဗီယက်နမ်သင်္ဘောတစ်စင်းတို့သည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ဆောင်နေခဲ့ကြောင်း ဆက်လက်ဖော်ပြခဲ့သည်။
ဗီယက်နမ်မှတ်ပုံတင်ထားသော သင်္ဘောသည် အရှည် ၇၀ နီးပါးရှိပြီး စုစုပေါင်းတန်ချိန် ၉၉၉ တန်ရှိသည်။
သန္တာကျောက်တန်းတစ်ဝိုက်ရှိ ဧရိယာသည် တရုတ်က နန်ရှားကျွန်းစုဟု ခေါ်ဆိုသော အငြင်းပွား စပရက်တလေကျွန်းစု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်ရှိအပြင်းအထန် အငြင်းပွားနေသော သန္တာကျောက်တန်းများ၊ ကျွန်းငယ်များနှင့် ကျွန်းစုများ အုပ်စုဝင်တစ်ခုဖြစ်သည်။

image