7 ရက် - ဘာသာပြန်ပါ။

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ သက်တော်(၉၉)နှစ်ထဲရောက် ရာပြည့်အကြိုမွေးနေ့ပူဇော်ပွဲ

ပြည်တွင်း/ပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ သက်တော် ရာပြည့်အကြိုပူဇော်ပွဲနှင့် သံဃာတော်ပါး (၂၀၀) တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ယနေ့ (ဇူလိုင်လ ၂၆ ရက်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရာပြည့်အကြို ပူဇော်ပွဲ အခမ်းအနားတွင် သံဃာတော် စုစုပေါင်း ပါး (၂၀၀) အား ပင့်ဖိတ်၍ ဆွမ်းနှင့် နဝကမ္မ အလှူတော်ငွေများ၊ လှူဒါန်းဖွယ် ဝတ္ထုပစ္စည်းများကို သဒ္ဓါတရား ထက်သန်စွာဖြင့် မဟာကုသိုလ်ပြု လောင်းလှူခဲ့ကြသည်။
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသသည် ပြည်တွင်း၌ သာသနာပြု လုပ်ငန်းများ ဆောင်ရွက်တော်မူရုံမျှမက ကမ္ဘာအဝှမ်းရှိ နိုင်ငံအသီးသီးသို့လည်း ဗုဒ္ဓဓမ္မ တရားတော်များနှင့် ဝိပဿနာ တရားစခန်းများကို သွားရောက် ပြန့်ပွားအောင်မနားတမ်း သာသနာပြုတော်မူခဲ့သည့် ထိအထင်ကရ သာသနာပြု ဆရာတော်ကြီးတစ်ပါး ဖြစ်သည်။
ပြည်ပ နိုင်ငံ(၄)နိုင်ငံမှ တပည့်ယောဂီဒါယိကာဒါယိကာမများ(၁၂)ဖွဲ့ကလည်း လာရောက်ပူဇော်ကြသည်။

image