အာဆီယံက တုကီယေးကို ဆွေးနွေးဖက်နိုင်ငံအဖြစ် အသိအမှတ်ပြု

မနီလာတွင် ကျင်းပသော နှစ်ပတ်လည်အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သော အာဆီယံပူးတွဲကြေညာချက်အရ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် တုကီယေးနိုင်ငံကို ဆွေးနွေးဖက်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုရန် သဘောတူညီခဲ့ပြီး အဖွဲ့၏ ပထမဆုံးအရှေ့အလယ်ပိုင်းဒေသ ဆွေးနွေးဖက်နိုင်ငံဖြစ်လာခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလက ကွာလာလမ်ပူရ်တွင် အာဆီယံခေါင်းဆောင်များ တွေ့ဆုံခဲ့စဉ်က တုကီယေးနိုင်ငံ ကို အဖွဲ့၏ ၁၂ နိုင်ငံမြောက် ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုရန် မူအားဖြင့် သဘောတူညီခဲ့ကြသည်။ တုကီယေးသည် ၂၀၁၇ ခုနှစ်မှစ၍ အာဆီယံ၏ ကဏ္ဍအလိုက် ဆွေးနွေးဖက်နိုင်ငံဖြစ်ခဲ့သည်။
မိတ်ဖက်လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် လုပ်ငန်းအစီအစဉ်တစ်ခုကို ထုတ်ပြန်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ သြစတြေးလျ၊ နူးဇီလန်၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ယူနိုက်တက်ကင်းဒမ်တို့ဖြစ်သည်။
အာဆီယံသည် ဂျာမနီနှင့် ကာတာနိုင်ငံတို့ကို လည်း ကဏ္ဍအလိုက်ဆွေးနွေးဖက်နိုင်ငံများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း ဖိလစ်ပိုင်နိုငံခြားရေးဝန်ကြီးနှင့် အေအမ်အမ် ဥက္ကဌ မာထရီဆာ လာဇာရိုက ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံသည် အာဆီယံအပေါ် ရေရှည်ထောက်ခံမှုနှင့် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးတွင် ပိုမိုပါဝင်ရန် အသင့်ရှိနေခြင်းကြောင့် ယင်းအဆင့်အတန်းကို အသိအမှတ်ပြုခံခဲ့ရခြင်းဟု လာဇာရိုက ပြောကြားခဲ့သည်။
တဖန် ကာတာနိုင်ငံသည် သံတမန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရး၊ ပညာရေးနှင့် ပို့ဆောင်ဆက်သွယ်ဆက် ရေးတို့တွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခြင်းအပြင် အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်(တီအေစီ) ကို လက်မှတ်ရေးထိုးခြင်းကြောင့်လည်း အလားတူ အဆင့်အတန်းရရှိခဲ့သည််။

image