ရာထူးမှ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ပြီး ဂျာမနီနည်းပြဘဝကို စတင်လာတဲ့ ဂျာဂင်ကလော့ပ်
==================

ဂျာဂင်ကလော့ပ်ဟာ မိသားစုရဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်အား မီဒီယာများက ထိပါးလာမည်ဆိုပါက ရာထူးမှ နုတ်ထွက်မယ်လို့ ပြောကြားကာ ဂျာမနီနည်းပြဘဝကို စတင်လာခဲ့ပါတယ်။
လီဗာပူးနည်းပြဟောင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်း ရှုံးထွက်အဆင့်တွင် ပါရာဂွေးကို ရှုံးနိမ့်ပြီးနောက် ရာထူးမှ နုတ်ထွက်သွားတဲ့ ဂျူလီယန်နာဂျယ်မန်းရဲ့‌နေရာတွင် ဂျာမနီနည်းပြသစ်အဖြစ် ၄ နှစ်စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ အသက် ၅၉ နှစ်ရှိ ဒေါ့မွန်နည်းပြဟောင်းဟာ ဂျာမနီနည်းပြအဖြစ် ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား သတိပေးမှု ပြုလုပ်လာပါတယ်။
ကလော့ပ်က "တကယ်လို့ ခင်ဗျားတို့ ဆိုးဆိုးရွားရွားပြုမှုလာမယ်၊ ငါ့မိသားစုကို ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်မပေးဘူးဆိုရင်တော့ ငါ ထွက်ပြီပဲ။ ငါ ထွက်သွားရုံပဲ။ အခြားနိုင်ငံက လက်ရွေးစင်အသင်းနည်းပြတွေ ဆိုးဆိုးရွားရွား ဆက်ဆံခံနေရတာ သိပါတယ်။ ဒီအလုပ်ကို ချစ်တယ်။ ဒါပေမဲ့ လိုအပ်လာရင် နုတ်ထွက်ဖို့ အသင့်ပဲ"လို့ ပြောကြားသွားပါတယ်။
ဂျာဂင်ကလော့ပ်ဟာ ဂျာမနီအသင်းကို စပိန်၊ ပေါ်တူဂီနှင့် မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဂျာမနီအသင်းကို ဦးဆောင်လာပါမယ်။
ဆက်လက်ပြီး ကလော့ပ်က "ဂျာဂင်ကလော့ပ်ဟာ လက်ရွေးစင်အသင်းကို ကိုင်တွယ်ပြီးချိန်မှာ ဘယ်မှာမှ ကျင်လည်လာတော့မှာ မဟုတ်ဘူး။ ဒါက အထွတ်အထိပ်ပဲ။ ကျွန်တော့်နည်းပြဘဝ အမြင့်ဆုံးပါပဲ။ ဒီအတွက် ကျွန်တော်မှာ ရှိသမျှ ပေးဆပ်သွားမယ်"လို့ ပြောကြားသွားပါတယ်။
ကလော့ပ်ဟာ ၂၀၂၄ ခုနှစ် နွေရာသီတုန်းက လီဗာပူးကို ၉ နှစ်ကြာ ကိုင်တွယ်ပြီးနောက် စိတ်ပန်းလူပန်း ဖြစ်နေပြီဟုဆိုကာ နုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ ကလော့ပ်က ပထမဆုံးလက်ရွေးစင်အသင်းအား ကိုင်တွယ်ကာ နည်းပြလောကသို့ ဝင်ရောက်လာမှုမှာ အချိန်သင့် အခါသင့် ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။
ကလော့ပ်ဟာ ဂျာမနီအသင်းအား ပထမဆုံးပွဲအဖြစ် စက်တင်ဘာလ ၂၄ ရက်နေ့ နယ်သာလန်နှင့် နေးရှင်းလိဂ်ပွဲစဉ်အား ကြီးကြပ်လာရပါမယ်။

image