ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးလာတော့မယ့် ဟယ်ရီကိန်း
=====================

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းရဲ့ လက်ရှိ ဘိုင်ယန်မြူးနစ်နှင့် စာချုပ်က လာမယ့် ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဘက်က စာချုပ်သက်တမ်းတိုးရန် ဆန္ဒပြင်းပြနေပါတယ်။
အသက် ၃၂ နှစ်ရှိ ဟယ်ရီကိန်းကိုယ်တိုင်ကလည်း မြူးနစ်တွင် အထိုင်ကျကာ ပျော်ရွှင်နေမှုနှင့်အတူ ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ်ဆိုလိုနေရာ လာမယ့် ရက်သတ္တပတ်များအတွင်းတွင် ဆွေးနွေးမှုများ တိုးတက်လာဖို့ ရှိနေပါတယ်။
ဟယ်ရီကိန်းဟာ ၂၀၂၃ ခုနှစ်မှ စပါးစ်မှ ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အတွက် ၆ ဂိုးသွင်းခဲ့တဲ့ ကိန်းဟာ ဘိုင်ယန်မြူးနစ်အတွက် ၁၃၄ ပွဲကစားပေးထားရာမှာ ၁၄၆ ဂိုးအထိ သွင်းပေးထားပါတယ်။
ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးလာတော့မှာ ဖြစ်ပေမဲ့လည်း ဘာစီလိုနာ၊ ဆော်ဒီကလပ်များအပါအဝင် ကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရဆဲ ဖြစ်ပါတယ်။

image