3 ပတ် - ဘာသာပြန်ပါ။

အေစီမီလန်နှင့် စာချုပ်သစ်ချုပ်ဆိုလာတဲ့ အသက် ၄၀ နှစ်ရှိ လူကာမိုဒရစ်
====================

အေစီမီလန်အလယ်တန်းကစားသမားလူကာမိုဒရစ်ဟာ လာမယ့် စက်တင်ဘာလတွင် အသက် ၄၁ နှစ်ပြည့်လာမှာ ဖြစ်ပေမဲ့လည်း အေစီမီလန်နှင့် တစ်နှစ်ာချုပ်သက်တမ်းတိုးချုပ်ဆိုလာပါတယ်။
ခရိုအေးရှားဝါရင့်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာလာပြီးနောက် အေစီမီလန်သို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။
ဘာနေဗျူးတွင် ၁၃ နှစ်ကြာ ကစားခဲ့တဲ့ မိုဒရစ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အေစီမီလန်အတွက် ၃၇ ပွဲကစားပေးခဲ့ကာ ၂ ဂိုးသွင်းယူပြီး စီးရီးအေတွင် အဆင့် ၅ နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
စာချုပ်သစ်ချုပ်ဆိုပြီးနောက် မိုဒရစ်က "ပထမနေ့ကတည်းက ကျွန်တော့်ကို ကြိုဆိုပြီး ချစ်ခြင်းမေတ္တာခံစားခဲ့ရတဲ့ အေစီမီလန်မှာ ဆက်နေရလို့ ဝမ်းသာပါတယ်။ မျှော်လင့်ချက်အောက် လျော့ကျခဲ့တဲ့ တစ်ရာသီအပြီးမှာ ရာသီသစ်မှာ ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ ပြန်ရုန်းထလာပါဦးမယ်။ စိန်ခေါ်မှုတွေ စောင့်ဆိုင်းနေတယ်။ ဒီစီမံကိန်းက ကျွန်တော် ယုံကြည်မှု ရှိတဲ့ စီမံကိန်းပါ။ ဒီစီမံကိန်းကြောင့်လည်း စိတ်အားထက်သန်ရတယ်။ ဒီအင်္ကျီအတွက် နောက်ထပ် အစွမ်းကုန်ပေးဆပ်ဖို့ အသင့် ဖြစ်နေပါတယ်။ ဒီအရောင်ကို ဆက်လက် ဝတ်ဆင်ရလို့ အရမ်းဂုဏ်ယူပါတယ်။ ဆန်စီရိုသို့ ပြန်သွားပြီး ခင်ဗျားတို့(ပရိသတ်တွေ)ရဲ့ အော်ဟစ်သံကို ခံစားဖို့ မစောင့်နိုင်တော့ပါဘူး"လို့ ပြောကြားသွားပါတယ်။
မိုဒရစ်ဟာ ခရိုအေးရှာနှင့်အတူ ကမ္ဘာ့ဖလား ၅ ကြိမ်မြောက် ကစားခဲ့သူ ဖြစ်ပြီး ၃၂ သင်း ရှုံးထွက်အဆင့်တွင်‌ ပေါ်တူဂီကို ရှုံးနိမ့်ကာ ထွက်ခဲ့ရပါတယ်။
မိုဒရစ်ဟာ ၂၀၁၆ ခုနှစ်ကတည်းက ခရိုအေးရှားကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်လာကာ ကမ္ဘာ့ဖလားတွင် ဒုတိယနှင့် တတိယရရှိအောင် ကူညီပေးထားနိုင်ပါတယ်။
၂၀၁၈ ခုနှစ် Ballon d'Or ဆုရှင်ဟာ ရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်၊ လာလီဂါဖလား ၄ ကြိမ် ဆွတ်ခူးခဲ့ဖူးသလို ယင်းမတိုင်မီ စပါးစ်တွင် လေးနှစ်ကျော်ကစားစဉ်အတွင်း ပွဲ ၁၆၀ ကစားပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင် အေစီမီလန်တွင် ယူနိုက်တက်နည်းပြဟောင်းရူဘင်အမိုရမ်လက်အောက်မှာ ကစားလာရပါမယ်။

image