3 ရက် - ဘာသာပြန်ပါ။

ာသီအဖွင့်ပွဲစဉ်များတွင် ကီးဂန်းအား အမှတ်တရဂုဏ်ပြုမှု ပြုလုပ်ရန် နယူးကာဆယ်နှင့် လီဗာပူးတို့ စီစဉ်ထား
======================

နယူးကာဆယ်နှင့်လီဗာပူးတို့ဟာ စိန့်ဂျိမ်းစ်ပါ့ခ် ပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်မီ ကီဗင်ကီးဂန်းအား ဂုဏ်ပြုမှု ပြုလုပ်ရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ကီးဂန်းဟာ ယခုအပတ်အစောပိုင်းတုန်းက အသက် ၇၅ နှစ် အရွယ်တွင် ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ လီဗာပူးတွင် ကစားခဲ့ဖူးသလို နယူးကာဆယ်တွင် ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ ကျင်လည်ခဲ့ဖူးပါတယ်။
နယူးကာဆယ်နှင့် လီဗာပူးတို့ဟာ ဩဂုတ်လ ၂၃ ရက်နေ့ တနင်္ဂနွေနေ့တွင် စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ ၂၀၂၆-၂၇ ရာသီ အဖွင့်ပွဲအဖြစ် ရင်ဆိုင်တွေ့ကြပါမယ်။
ကီးဂန်းဟာ ၁၉၈၂ ခုနှစ်မှ နှစ်ရာသီတိုင်တိုင် နယူးကာဆယ်တွင် ကစားသမားအဖြစ် ကျင်လည်ခဲ့ပြီးနောက် ၁၀ နှစ်အကြာတွင် နည်းပြအဖြစ် ပြန်လည် ရောက်ရှိလာခဲ့ကာ ၁၉၉၆ ခုနှစ်တုန်းက ပရီးမီးယားလိဂ်တွင် အဆင့် ၂ နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့ဖူးပါတယ်။
သူဟာ လီဗာပူးတွင် ၆ နှစ်ကြာ ကစားစဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ဥရောဖလား ၁ ကြိမ်၊ ယူအီးအက်ဖ်အေဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။
နယူးကာဆယ်ဟာ အမျိုးသားအသင်း၊ အမျိုးသမီးအသင်းနှင့် ယူ-၂၁ အသင်းတို့ရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်များတွင် ကီဗင်ကီးဂန်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လက်ပတ်အနက် ဝတ်ဆင်ကစားသွားမယ်လို့ ကြေညာထားပါတယ်။

image