14 ပတ် - ဘာသာပြန်ပါ။

ခရစ္စတော့စ်တီဇိုလစ်အား ဂရိစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အာဆင်နယ် ခေါ်ယူလာ
======================

အာဆင်နယ်ဟာ ကလပ်ဘရုဂျက်မှ တိုက်စစ်တွင် စွယ်စုံကစားနိုင်တဲ့ ခရစ္စတော့စ်တီဇိုလစ်အား ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
အသက် ၂၄ နှစ်ရှိ ဂရိလက်ရွေးစင်ကစားသမားဟာ ပရီးမီးယားလိဂ်ချန်ပီယံထံသို့ နှစ်ရှည်စာချုပ်ဖြင့် ပြောင်းရွှေ့လာတာ ဖြစ်ပြီး သူ့ပြောင်းရွှေ့ကြေးမှာ ဂရိကစားသမားတစ်ဦးအတွက် အမြင့်မားဆုံးပြောင်းရွှေ့ကြေးလည်း ဖြစ်ပါတယ်။
တီဇိုလစ်ဟာ ကလပ်ဘရုဂျက်အတွက် ၁၀၈ ပွဲကစားပေးခဲ့ရာမှာ ၄၃ ဂိုးသွင်းပြီး ၄၅ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယခုလအစောပိုင်းတုန်းက ဘီဆစ်တပ်စ်သို့ ရောင်းချလိုက်တဲ့ ထရိုဆတ်နေရာတွင် အစားထိုးရန် တီဇိုလစ်အား ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
တီဇိုလစ်ဟာ PAOK တွင် ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နော့ဝှစ်ချ်တွင် ပွဲ ၃၀ ကစားကာ ၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းက အာဆင်နယ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် နော့ဝှစ်ချ်အတွက် ပထမဆုံးပွဲကစားခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် အာတီတာနှင့် စကားပြောဖြစ်ခဲ့ပုံနှင့်ပတ်သက်ပြီး တီဇိုလစ်က "ကလပ်အကြောင်း၊ ကျွန်တော့်အကြောင်း၊ သူ့အစီအစဉ်၊ အဲဒီမှာ ကျွန်တော် ဘယ်လို ပါဝင်မဲ့အကြောင်း၊ အသင်းအကြောင်း အားလုံးပြောခဲ့ကြတယ်။ အားလုံးက အပြုသဘောဆောင်တယ်။ ကျွန်တော်က တိုက်ရိုက်ကစားသမားပါ။ ဂိုးသွင်းမယ် ဒါမှမဟုတ် ဖန်တီးမယ်။ ကိုယ့်ကိုယ်ကို တိုက်စစ်သမား တောင်ပံကစားသမားလို့ မြင်တယ်။ ဂိုးသွင်းဖို့ ကစားဖော်တွေအတွက် ဖန်တီးပေးဖို့ အမြဲတမ်းဆာလောင်ပါတယ်။ အသင်းအတွက် အလုပ်ကြိုးစားပေးမယ်လို့ ကတိပြုပါတယ်။ ခံစစ်ပိုင်းမှာရော ပါဝင်ပေးပါမယ်"လို့ ပြောကြားသွားပါတယ်။

image