ဆော်ဒီသို့ ပြောင်းရွှေ့ပြီးနောက် တစ်နာရီလျှင် ပေါင် ၁၀၀၀ ကျော် ရရှိလာတော့မယ့် ဝက်စ်ဟမ်းစတားဆမ်းမားဗီးလ်
====================
ခရိုင်ဆန်စီယိုဆမ်းမားဗီးလ်ဟာ ဆော်ဒီသို့ လုပ်ခများစွာဖြင့် ပြောင်းရွှေ့လာပြီးနောက် တစ်နာရီလျှင် ပေါင် ၁၀၀၀ ကျော်အထိ ရရှိလာတော့မှာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ ဝက်စ်ဟမ်းနှင့် နယ်သာလန်စတားဟာ ဆော်ဒီကလပ် Al-Hilal သို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဖြင့် ပြောင်းရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
ဆမ်းမားဗီးလ်ဟာ ဝက်စ်ဟမ်းမှာတုန်းက တစ်ပတ်လုပ်ခ ပေါင်ငါးသောင်းကျော်သာ ရရှိလာခဲ့သူလို့ ယုံကြည်ရပါတယ်။
ဒါပေမဲ့ သူဟာ Al-Hilal သို့ ပြောင်းရွှေလာချိန်မှာတော့ လုပ်ခလေးဆအထိ တိုးမြှင့် ရရှိလာမှာတော့မှာ ဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၁.၂ သန်းအထိ ရရှိလာပါမယ်။
သူဟာ ဆော်ဒီတွင် တစ်ပတ်လုပ်ခ ပေါင် ၂၃၀၀၀၀ ဝန်းကျင် ရရှိလာမှာ ဖြစ်ကာ တစ်ရက်လျှင် လုပ်အားခ ပေါင် ၃၃၀၀၀ ရရှိလာပါမယ်။
ဒါကြောင့်လည်း ဆမ်းမားဗီးလ်ဟာ တစ်နာရီလျှင် ပေါင် ၁၃၇၃ ရရှိလာမှာ ဖြစ်သလို တစ်မိနစ်လျှင် ၂၂.၈၀ ပေါင် ရရှိလာပါမယ်။
လိဒ်စတားဟောင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရတဲ့ ဝက်စ်ဟမ်းအတွက် ပရီးမီးယားလိဂ်ဂိုး ၅ ဂိုးသွင်းကာ ၄ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူဟာ ယူနိုက်တက်၊ ဗီလာ၊ ရိုးမားတို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမဲ့လည်း Al-Hilal က ပြောင်းရွှေ့ကြေးများစွာ ပေးလာချိန်မှာတော့ လက်ခံလာတာလည်း ဖြစ်ပါတယ်။
သူဟာ Al-Hilal အသင်းတွင် အင်တာမီလန်နည်းပြဟောင်းဆီမြွန်နီအင်ဇာဂီလက်အောက်မှာ ကစားလာရမှာ ဖြစ်သလို ကာရမ်ဘန်ဇီးမား၊ ဂျာအိုကန်စီလို၊ သီယိုဟာနန်ဒက်ဇ်၊ ခါလီဒူကူလီဘာလီ၊ ဒါဝင်းနူနက်ဇ်တို့နှင့်လည်း တွဲကစားလာရပါမယ်။