ကမ္ဘာ့ဖလားအကောင်းဆုံးအသင်းတွင် ဘယ်လင်ဂမ်၊ မက်ဆီ၊ ဟာလန်းနှင့် ဘက်ပေးတို့နှင့်အတူ ယူနိုက်တက်စတား ရွေးချယ်ခြင်းခံရ
====================
ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားအကောင်းဆုံးအသင်းကို ရွေးချယ်လာပြီး ကမ္ဘာ့ဖလားတတိယဆုရ အင်္ဂလန်အသင်းမှ ဂျူ့ဘယ်လင်ဂမ်တစ်ဦးတည်းသာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
အင်္ဂလန်အသင်းဟာ စနေနေ့တုန်းက ပြင်သစ်ကို အနိုင်ယူပြီး ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း အမြင့်မားဆုံးကမ္ဘာ့ဖလားအောင်မြင်မှုအဖြစ် တတိယရရှိခဲ့ပါတယ်။
အသက် ၂၃ နှစ်ရှိ ဘယ်လင်ဂမ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ရပ်တွင် အင်္ဂလန်အတွက် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်စူပါစတားဟာ အခြားပရီးမီးယားလိဂ်စတား ၄ ဦးတို့နှင့်အတူ ကမ္ဘာ့ဖလားအကောင်းဆုံးအသင်းတွင် ရွေးချယ်ခံလာရပါတယ်။
ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ပရီးမီးယားလိဂ်မှ စပါးစ်ညာနောက်ခံလူပီဒရိုပေါ်ရို၊ မန်စီးတီးကွင်းလယ်ကစားသမားရိုဒရီ၊ မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်း၊ ယူနိုက်တက်နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့လတုန်းက ချဲလ်ဆီးမှ ရီးရဲလ်မက်ဒရစ်သို့ ပေါင် ၅၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ဘယ်နောက်ခံလူမာ့ခ်ကူကူရယ်လာဟာလည်း ဘယ်နောက်ခံလူနေရာမှာ ရွေးချယ်ခံခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်ရဲ့ ဒါယော့အူပါမီကာနိုနှင့် မိုက်ကယ်အိုလီဆီတို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။
တိုက်စစ်သမား ၃ ဦးနေရာတွင် ကမ္ဘာ့ဖလားဂိုးသွင်းဘုရင် ကိုင်လီယန်ဘက်ပေး၊ လီယွန်နယ်မက်ဆီနှင့် အာလင်းဟာလန်းတို့ အငြင်းပွားဖွယ်မရှိ ရွေးချယ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ အံ့ဩစရာကောင်းတာကတော့ ဂိုးသမားနေရာအတွက် ရွေးချယ်မှု ဖြစ်ပါတယ်။ ကမ္ဘာဖ့လားပြိုင်ပွဲတစ်လျှောက် ၁ ဂိုးတည်းသာ ပေးခဲ့ရတဲ့ စပိန်ဂိုးသမားအူနိုင်းဆိုင်မွန် ရွေးချယ်ခြင်းမခံရဘဲ ကိတ်ဗာဒီဂိုးသမားဗိုဇင်ညာ ရွေးချယ်ခြင်းခံခဲ့ရတာပါ။ S