5 ပတ် - ဘာသာပြန်ပါ။

ဂါနာချိုအား အငှားဖြင့် ခေါ်ယူရန် အက်စတွန်ဗီလာ သဘောတူညီမှုရရှိလာ
====================

အက်စတွန်ဗီလာဟာ အပြီးသတ်ဝယ်ယူမယ့် အချက်ဖြင့် ချဲလ်ဆီးတောင်ပံကစားသမားအလီဂျန်ဒရိုဂါနာချိုအား အငှားဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာပါတယ်။
အသက် ၂၂ နှစ်ရှိ ဂါနာချိုဟာ ဘာမင်ဂမ်တွင် ဆေးစစ်ဆေးမှု ခံယူထားပြီးဖြစ်ကာ အငှားစာချုပ်သက်တမ်းကုန်ဆုံးပြီးပါက ဗီလာသို့ ၄ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာပါမယ်။
ဗီလာနှင့်ချဲလ်ဆီးတို့ဟာ ဂါနာချိုအား ပြောင်းရွှေ့ကြေးဘယ်လောက်အဖြစ် အပြီးသတ်ရောင်းချရေး သဘောတူညီထားသလဲဆိုတာ ဖော်ပြလာခြင်း မရှိပါဘူး။
ဒါပေမဲ့ ဗီလာဟာ အာဂျင်တီးနားလက်ရွေးစင်ကစားသမားရဲ့ လာမယ့်ရာသီ ပွဲကစားခွင့်ရရှိမှုအပါအဝင် အချက်အချို့အား ပြည့်မီပါက အပြီးသတ်ခေါ်ယူလာမယ်လို့ ယုံကြည်ရပါတယ်။
ချဲလ်ဆီးဟာ ဂါနာချိုအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်ချက် ပေါင် ၄၃ သန်း ရရှိလာမှုနှင့်အတူ ဗီလာရဲ့ ကမ်းလှမ်းမှုအား အလွယ်တကူ လက်ခံလိုက်တာလို့ ယုံကြည်ရပါတယ်။
ချဲလ်ဆီးဟာ ဗီလာမှ မော်ဂန်ရော်ဂျာအား ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းဖြင့် ခေါ်ယူလိုက်ပြီးနောက် ဂါနာချိုအား ဗီလာသို့ ရောင်းချလာတာပါ။
ဗီလာဟာ ဂါနာချိုမတိုင်မီ ယခုနွေရာသီတွင် ဂျိုဟန်မန်ဇမ်ဘီ၊ ဂျာအိုဂိုမက်စ်၊ မာဒူးကီဘာဆစ်စီတို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ဗီလာဟာ ယူရီတီလီမန်းစ်၊ ဒွန်ရဲလ်မာလန်၊ အန်ဇိုဘာရီနီချီယာ၊ လီဝစ်ဒေါ့ဘင်တို့အား ရောင်းချမှုအပါအဝင် ယခုနွေတွင် ကစားသမားရောင်းချမှုမှ ပေါင်သန်း ၂၀၀ နီးပါး ရရှိထားပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ဂါနာချို့ကို ယူနိုက်တက်မှ ပေါင်သန်း ၄၀ ဝန်းကျင်ဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပြီး ဗီလာထံ ရောင်းချမှုမှ ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်းအား ယူနိုက်တက်တို့ ခံစားခွင့် ရရှိလာပါမယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးအတွက် ပြိုင်ပွဲအရပ်ရပ် ၄၃ ပွဲကစားခွင့် ရရှိခဲ့ရာတွင် ၈ ဂိုးသွင်းပြီး ၄ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

image