ကျောဒဏ်ကြောင့် ဆာလီဘာ ထပ်တိုးအနားယူရမည်ဟု အာဆင်နယ် အတည်ပြုလာ
====================

အာဆင်နယ် ဗဟိုနောက်ခံလူဝီလီယမ်ဆာလီဘာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပြင်သစ်အတွက် ကစားစဉ် ရရှိခဲ့တဲ့ ကျောဒဏ်ရာကြောင့် ထပ်တိုးအနားယူလာရတော့မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
အသက် ၂၅ နှစ်ရှိ ပြင်သစ်နောက်ခံလူဟာ ကျောဒဏ်ရာပြဿနာ ကြုံလာတာ ရက်သတ္တပတ်အတန်ကြာမြင့်ပြီ ဖြစ်ပြီး စပိန်အား ရှုံးနိမ့်တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ရဲ့ ပွဲချိန် ၃၀ တွင် လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
သူဟာ လန်ဒန်သို့ ရောက်လာပြီး အထူးကုဆရာဝန်တစ်ဦးထံမှ စစ်ဆေးမှု ခံယူခဲ့ပါတယ်။ သူဟာ ကျောဒဏ်ရာကို ခွဲစိတ်ကုသမှု မပြုလုပ်ဘဲ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ရေး ဆုံးဖြတ်လာပါတယ်။
ဆာဘီဘာဟာ ကျောဒဏ်ရာကြောင့် အင်္ဂလန်ကို ရှုံးနိမ့်တဲ့ ကမ္ဘာ့ဖလားတတိယနေရာလုပွဲကို လွဲခဲ့ပါတယ်။
ဆာလီဘာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ် ပွဲ ၅၀ အထိ ကစားကာ ပရီးမီးယားလိဂ်ဖလား ရရှိအောင် ကူညီခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
အာတီတာရဲ့အာဆင်နယ်ဟာ ဩဂုတ်လ ၁၆ ရက်နေ့ တနင်္ဂနွေနေ့တွင် ရာသီအဖွင့်ပွဲအဖြစ် မန်စီးတီးနှင့် ကွန်မြူနတီဒိုင်းပွဲ ကစားရပါမယ်။
ယင်းပွဲအပြီးတွင် ၅ ရက်အကြာတွင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် တန်းတက် ကိုဗင်ထရီနှင့် ရင်ဆိုင်ကစားရပါမယ်။

image