1 ပတ် - ဘာသာပြန်ပါ။

ကက်စ်မီရိုအား ခေါ်ယူလိုက်ပြီးနောက် အင်တာမိုင်ယာမီ စုံစမ်းစစ်ဆေးခြင်းခံနေရ
====================

မေဂျာလိဂ်က ဘရာဇီးအလယ်တန်းကစားသမားကက်စ်မီရိုကို ခေါ်ယူနိုင်ခဲ့တဲ့ အင်တာမိုင်ယာမီရဲ့ အပြောင်းအရွှေ့အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက အင်တာမိုင်ယာမီက ပြီးခဲ့တဲ့ရာသီအကုန်တွင် ယူနိုက်တက်မှ ထွက်ခွာလာတဲ့ ကက်စ်မီရိုအား ၂၀၂၇ မေဂျာလိဂ်ရာသီအကုန်အထိ စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း ကြေညာလာပါတယ်။ အင်တာမိုင်ယာမီရဲ့ ကက်စ်မီရိုစာချုပ်အတွင်းတွင် ၂၀၂၉ ခုနှစ် ဇွန်လအထိ သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဒါပေမဲ့ အင်တာမိုင်ယာမီက ကက်စ်မီရိုအား ခေါ်ယူလိုက်ပြီးချိန်မှာဘဲ မေဂျာလိဂ်က ယင်းအပြောင်းအရွှေ့အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာပြီ ဖြစ်ပါတယ်။
မေဂျာလိဂ်စည်းမျဉ်းအရ ကလပ်များဟာ ခေါ်ယူလိုတဲ့ ကစားသမား ၅ ဦးစာရင်းကို လိဂ်အဖွဲ့ချုပ်ထံ တင်ပြထားရပြီး ယင်းစာရင်းကို ဖျက်ခြင်း၊ ထည့်ပေါင်းခြင်း ပြုလုပ်နိုင်ပါတယ်။
အင်တာမိုင်ယာမီမှာ အယ်လ်အေဂလက်ဆီနှင့်အတူ ကက်စ်မီရိုအား ခေါ်ယူလိုကြောင်း တင်ပြမှု ပြုလုပ်ထားပါတယ်။
ဒါပေမဲ့ အယ်လ်အေဂလက်ဆီက ကက်စ်မီရိုအား လက်ဦးခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိခဲ့ပေမဲ့လည်း ယင်းအခွင့်အရေးကို အင်တာမိုင်ယာမီက လွဲပြောင်း ရယူသွားခဲ့မှုနှင့်အတူ မေဂျာလိဂ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ကက်စ်မီရိုဟာ ဇန်နဝါရီလကတည်းက စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရာသီအကုန်တွင် ယူနိုက်တက်မှ ထွက်ခွာမယ်လို့ ကြေညာထားခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယခင်ကလပ် ရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ရောက် ဘရာဇီးအသင်းတွင်လည်း အရေးပါတဲ့ နေရာမှ ပါဝင်ကစားခဲ့ပါတယ်။
ကက်စ်မီရိုဟာ ယူနိုက်တက်အတွက် ပွဲ ၁၆၀ ကစားပေးခဲ့ပြီး ၂၆ ဂိုးသွင်းကာ ၁၄ ကြိမ် ဖန်တီးမှု ပြုလုပ်ခဲ့သလို လိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ ရယူနိုင်ခဲ့ပါတယ်။
အင်တာမိုင်ယာမီဟာ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် စုံစမ်းစစ်ဆေးမှုခံရတာ မဟုတ်ပါဘူး။
၎င်းတို့ဟာ ၂၀၂၁ ခုနှစ်တုန်းက ပြင်သစ်အလယ်တန်းကစားသမားဘလစ်မာတူဒီအပြောင်းအရွှေ့အတွက် ဒေါ်လာ ၂ သန်းဒဏ်ရိုက်ခြင်းခံခဲရဖူးပါတယ်။
အင်တာမိုင်ယာမီဟာ လိဂ်က သတ်မှတ်ထားတဲ့ ပမာဏထက် မာတူဒီအား လုပ်ခပေးမှုအတွက် ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။
မေဂျာလိဂ်တွင် ကလပ်များအနေဖြင့် လုပ်ခ မကန့်သတ်ထားတဲ့ ကစားသမား ၄ ဦး ခေါ်ယူထားနိုင်ပြီး ကျန်ကစားသမားများကိုမူ လုပ်ခ အကန့်အသတ်ဖြင့် ခေါ်ယူနိုင်ပါတယ်။
ယင်းယင်းစည်းမျဉ်းကို 'Beckham rule' လို့ ခေါ်ဝေါ်ပြီး ၂၀၀၇ ခုနှစ်တုန်းက အယ်လ်အေဂလက်ဆီက ဒေးဗစ်ဘက်ဟမ်းအား ခေါ်ယူစဉ်တုန်းက စတင်အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။

image