1 ပတ် - ဘာသာပြန်ပါ။

ဖူလ်ဟမ်မှ မော်ရိုကိုနောက်ခံလူဒီယော့ပ်ကို အစ္စဝှစ်ချ် ခေါ်ယူအားဖြည့်လာ
===================

အစ္စဝှစ်ချ်ဟာ ဖူလ်ဟမ်မှ မော်ရိုကိုနောက်ခံလူအစ်ဆာဒီယော့ပ်ကို ခေါ်ယူအားဖြည့်လာပါတယ်။
အသက် ၂၉ နှစ်ရှိ နောက်ခံလူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့အထိ တက်ခဲ့တဲ့ မော်ရိုကိုအတွက် ၅ ပွဲကစားပေးခဲ့သူ ဖြစ်ပြီး ၂၀၃၀ ခုနှစ်အထိ စာချုပ်ဖြင့် အစ္စဝှစ်ချ်သို့ ပြောင်းရွှေ့လာတာပါ။
ဒီယော့ပ်ဟာ ဝက်စ်ဟမ်း၊ ဖူလ်ဟမ်တို့အတွက် ပရီးမီးယားလိဂ်ပွဲ ၁၇၃ ပွဲကစားပေးထားမှုနှင့်အတူ တန်းတက်အစ္စဝှစ်ချ်အတွက် အတွေ့အကြုံရင့် ကစားသမားတစ်ဦး ခေါ်ယူလိုက်နိုင်မှုလည်း ဖြစ်ပါတယ်။
ဒီယော့ပ်ဟာ ၂၀၁၈ ခုနှစ်တုန်းက တူးလော့စ်မှ ဝက်စ်ဟမ်းသို့ ပြောင်းခဲ့ပြီး လေးရာသီ ကစားပြီးနောက် ၂၀၂၂ ခုနှစ်တွင် ပေါင် ၁၅ သန်းဖြင့် ဖူလ်ဟမ်သို့ ပြောင်းခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဖူလ်ဟမ်အတွက် ပြိုင်ပွဲအရပ်ရပ် ၉၆ ပွဲကစားပေးခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်တွင် ၈ ပွဲတည်းသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ဖူလ်ဟမ်ဟာ လက်စတာမှ ဂါနာတောင်ပံကစားသမားအက်ဒူလ်ဖာတာဝူကို ပေါင်သန်း ၂၀ ၊ တူးလော့စ်မှ တိုက်စစ်မှူးအီမာဆင်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းဖြင့် ခေါ်ယူထားပြီးနောက် ဒီယော့ပ်ကို ထပ်မံ ခေါ်ယူလာတာပါ။
၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အငှားဖြင့် လာရောက်ကစားခဲ့တဲ့ စီဒရစ်ခီပရီ၊ ချူဘာအက်ခ်ပွမ်၊ ကေနီဗန်အိုဗီလန်တို့ကိုလည်း အပြီးသတ် ခေါ်ယူထားပါတယ်။

image