1 ပတ် - ဘာသာပြန်ပါ။

မန်စီးတီးနှင့် လေးနှစ်စာချုပ်သစ်ချုပ်ဆိုလာတဲ့ ဖီးလ်ဖိုဒန်
=================

မန်စီးတီးအလယ်တန်းကစားသမားဖီးလ်ဖိုဒန်ဟာ အီတီဟတ်တွင် ၂၀၃၀ ခုနှစ်အထိ ရှိနေမယ့် စာချုပ်သစ်အား ချုပ်ဆိုလာပါတယ်။
အသက် ၂၆ နှစ်ရှိ ကစားသမားရဲ့ ယခင်စာချုပ်က လာမဲ့နှစ် နွေရာသီတွင် ကုန်ဆုံးလာမှာ ဖြစ်ပြီး နည်းပြသစ်အန်ဇိုမာရက်စ်ကာလက်အောက်တွင် ကစားရန် စာချုပ်သက်တမ်းတိုးရန် ရွေးချယ်လာတာလည်း ဖြစ်ပါတယ်။
ဖိုဒန်ဟာ အသက် ၁၇ နှစ်အရွယ်တွင် ပက်ဂွါဒီယိုလာလက်အောက်မှာ ပထမအသင်းအတွက် ကစားခွင့်ရခဲ့တာ ဖြစ်ပြီး ၃၆၉ ပွဲကစားပေးထားကာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ် ဆွတ်ခူးထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်တွင် ၂၃ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရခဲ့ကာ ခြေစွမ်းမတည်မငြိမ်ဖြစ်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဖိုဒန်ဟာ ဂွါဒီယိုလာလက်အောက်တွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ကာ ၂၀၂၂-၂၃ ရာသီတုန်းက ဖလား ၃ လုံး ဆွတ်ခူးပေးခဲ့ဖူးတဲ့ အန်ဇိုမာရက်စ်ကာလက်အောက်တွင် ကစားရန် မစောင့်နိုင်အောင် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

image