2 ရက် - ဘာသာပြန်ပါ။

Spygate အရေးအခင်းအတွက် ဆောက်သမ်တန်နည်းပြအက်ကတ်ကို အက်ဖ်အေ စွဲချက်တင်လာ
======================

အက်ဖ်အေဟာ Spygate အရှုပ်အထွေးပြဿနာရဲ့ နောက်ကွယ်တွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ဆောက်သမ်တန်နည်းပြတွန်ဒါအက်ကတ်ကို စွဲချက်တင်လာပါတယ်။
ဆောက်သမ်တန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကလပ်အသင်း ၃ သင်းအား စပိုင်လုပ် ထောက်လှမ်းခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် မေလ ချန်ပီယံရှစ်ပလေးအော့ဖ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
လွတ်လပ်တဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ယင်းစပိုင်လုပ်မှုများအား အက်ကတ်က ဦးဆောင်ညွှန်ကြား လုပ်ခိုင်းခဲ့တယ်လို့ တွေ့ရှိရပြီးနောက် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့တာပါ။
အက်ဖ်အေဟာ အထက်ပါ အဖြစ်အပျက်အား ဆက်လက်စစ်ဆေးမှုများ ပြုလုပ်လာပြီးချိန်မှာတော့ အက်ကတ်ကိုလည်း စွဲချက်တင်လာပါတယ်။
အက်ဖ်အေဟာ စည်းမျဉ်း အပုဒ် အီး ၃.၁ အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် မေလအတွင်း ချိုးဖောက်မှုများပြုလုပ်ခဲ့ကြောင်း တွေ့ရှိပြီးနောက် အက်ကတ်ကို စွဲချက်တင်လာပြီ ဖြစ်ပါတယ်။
ဆောက်သမ်တန်ဟာ ချန်ပီယံရှစ်ပလေးအော့ဖ်ဆီမီးဖိုင်နယ်တွင် မစ်ဒယ်ဘရော့အား နှစ်ကျော့စလုံး အနိုင်ရခဲ့ပေမဲ့လည်း ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ အလုပ်သင်နည်းပြအဖွဲ့ဝင်တစ်ဦးအား အက်ကတ်က မစ်ဒယ်ဘရော့အသင်းလေ့ကျင့်ရေးကွင်းသို့ စေလွှတ်ကာ ဖုန်းဖြင့် မှတ်တမ်းယူ ရိုက်ကူးစေခဲ့မှုအတွက် ဗိုလ်လုပွဲမှ ဖယ်ရှားခဲ့ပါတယ်။
ဆောက်သမ်တန်ဟာ ပြီးခဲ့တဲ့ရာသီအတွင်းတွင် အောက်စ်ဖို့ဒ်ယူနိုက်တက်၊ အစ္စဝှစ်ချ်တောင်းတို့နှင့်ပွဲစဉ်များမတိုင်မီတွင်လည်း လေ့ကျင့်ခန်းအစီအစဉ်များအား လူလွတ်ကာ စပိုင်လုပ်ခိုင်းခဲ့ဖူးပါတယ်။
အက်ကတ်အနေဖြင့် အက်ဖ်အေရဲ့ စွဲချက်တင်မှုအား လာမဲ့ အင်္ဂါနေ့ နောက်ဆုံးထားကာ တုံ့ပြန်သွားရပါမယ်။
ဆောက်သမ်တန်ဟာ ယင်းစပိုင်လုပ်မှုများအတွက် ၄ မှတ်လျှော့ချခြင်းလည်း ခံထားရပါတယ်။ ၎င်းတို့ဟာ ဩဂုတ်လ ၁၆ ရက်နေ့တွင် ဝက်ဖို့ဒ်အား အဝေးကွင်းတွင် ရင်ဆိုင်ကာ ရာသီသစ်စတင်ရပါမယ်။

image