1 ပတ် - ဘာသာပြန်ပါ။

မက်အယ်လစ်စတာနှင့် အလီဆင်တို့အား အန်ဖီးလ်တွင် အိုင်ရာအိုလာ ဆက်ရှိနေစေလို
=====================

အန်ဒိုနီအိုင်ရာအိုလာဟာ အလယ်တန်းကစားသမားအလက်ဆစ်မက်အယ်လစ်စတာနှင့် ဂိုးသမားအလစ်ဆင်ဘက်ကာတို့အား ကလပ်တွင်ပင် ဆက်ရှိနေစေလိုလျက်ရှိပါတယ်။
အာဂျင်တီးနားကွင်းလယ်ကစားသမားအယ်လစ်စတာဟာ ၂၀၂၃ ခုနှစ်တုန်းက လီဗာပူးသို့ ၅ နှစ်စာချုပ်ဖြင့် ပြောင်းလာသူဖြစ်ပြီး ၂ နှစ်စာချုပ်ကျန်နေသေးသူ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ အယ်လစ်စတာဟာ လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးလာခြင်း မရှိမှုနှင့်အတူ ယခုနွေရာသီတွင် အသင်းပြောင်းလာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။
ဒါပေမဲ့ ချီကာဂိုတွင် လီဗာပူးနှင့်အတူ ရာသီကြိုလေ့ကျင့်ခန်းဆင်းရန် ရောက်ရှိနေတဲ့ အိုင်ရာအိုလာက အယ်လစ်စတာအား အသင်းတွင် ဆက်ထိန်းထားလိုကြောင်း ပြောကြားလာပါတယ်။
စပိန်လူမျိုးနည်းပြက "အလက်ဆစ်က ပြီးခဲ့တဲ့နှစ်တွေမှာ ကလပ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလို့ ထင်ပါတယ်။ ကမ္ဘာဖ့လားမှာလည်း အရမ်းကောင်းခဲ့တယ်။ ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားတွေကို အခြားကလပ်တွေက ခေါ်ယူချင်တာ သာမန်ကိစ္စပါ။ အခြားဈေးကွက်တွေမှာလည်း ဒီလိုပဲ ဖြစ်နေတာပါ။ ဒါပေမဲ့ ကျွန်တော့်ကစားသမားကောင်းတွေကို ဆက်ထိန်းထားချင်တယ်။ အသင်းမှာ ရှိတဲ့သူတွေကို မဆုံးရှုံးရဘဲ ကစားသမားသစ်တွေဘဲ ခေါ်ယူချင်တယ်"လို့ ပြောကြားသွားပါတယ်။
ဘရာဇီးနံပါတ်တစ်ဂိုးသမားအလစ်ဆင်မှာလည်း လီဗာပူးနှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့ကာ ဂျူဗင်တပ်သို့ ပြောင်းမယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ အိုင်ရာအိုလာက "အခု ဂိုးသမားဧရိယာနဲ့ပတ်သက်ပြီး ရှိနေတဲ့အနေအထားအပေါ် ‌အရမ်းပျော်တယ်။ အလစ်ဆင်က အတွေ့အကြုံရင့်ကျက်တဲ့ တစ်ယောက်ပါ။ အသစ်ခေါ်ယူလာတဲ့ ကစားသမားသစ်‌တွေ၊ လူငယ်တွေကို ကောင်းကောင်းမွန်မွန် အံဝင်လာအောင် ကူညီပေးနိုင်တဲ့သူမျိုးပါ။ ဗန်ဒိုက်၊ အလစ်ဆင်၊ ဂျိုးဂိုမက်ဇ်တို့လို ဒီမှာ နှစ်အကြာကြီး ရှိနေတဲ့ ကစားသမားမျိုးတွေ လိုအပ်တယ်"လို့ ပြောကြားသွားပါတယ်။
အိုင်ရာအိုလာဟာ ညာနောက်ခံလူကော်နာဘရက်ဒလေမှာ ဒူးဒဏ်ရာကြောင့် လအတန်ကြာ အနားယူရမည်ဖြစ်ရာ ခံစစ်ပိုင်းအားဖြည့်ရန် လုပ်ဆောင်နေပါတယ်။
မြောက်အိုင်ယာလန်လက်ရွေးစင်ဟာ ဇန်နဝါရီလကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပြီး ရာသီအစပွဲစဉ်များကို လွဲချော်လာပါဦးမယ်။

image