1 ပတ် - ဘာသာပြန်ပါ။

အင်ဖန်တီနိုအား ဖီဖာဥက္ကဌရာထူးမှ နုတ်ထွက်ရန် လာလီဂါဥက္ကဌတောင်းဆိုလာ
====================

လာလီဂါဥက္ကဌဂျာဗီးယားတီဘက်စ်က ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုအား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုလာပြီး ဖီဖာမှာ ဘောလုံးလောကကို ဖျက်ဆီးနေကြောင်း ပြောကြားလာပါတယ္။
အီတလီသတင်းစာ La Gazzetta dello Sport နှင့် အင်တာဗျူးတွင် တီဘက်စ်ဟာ ကမ္ဘာ့ဖလားရေသောက်နားမှု၊ ရှည်လျားတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပထမအပြီး ဖျော်ဖြေမှု၊ အမေရိကန်တိုက်စစ်မှူးဘာလိုဂန်ရဲ့ ပွဲပယ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲ ချမှတ်မှု၊ အနာဂတ် ကမ္ဘာ့ဖလားပြိုင်ပွဲအား ၆၄ သင်းဖြင့် ကျင်းပရေး လုပ်ဆောင်မှုတို့အပေါ် အပြင်းအထန် ဝေဖန်သွားပါတယ်။
အင်ဖန်တီနို နုတ်ထွက်သင့်သလားလို့ မေးမြန်းလာချိန်တွင် တီဘက်စ်က "ကျုပ်အမြင်ပြောရရင် နုတ်ထွက်သင့်တယ်။ ဟုတ်တယ်။ သူ့အချိန်ကုန်ဆုံးသွားပြီ"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် တီဘက်စ်က အသက် ၅၆ နှစ်ရှိ အင်ဖန်တီနိုမှာ ဘောလုံးအဖွဲ့ချုပ်အများစုတို့ရဲ့ ထောက်ခံမှု ရရှိနေဆဲ ဖြစ်ကြောင်း ဝန်ခံသွားသလို ဖီဖာရဲ့ ရွေးကောက်ပွဲစနစ်မှာ အောက်ခြေကအစ ယိုယင်းပျက်စီးနေကြောင်းလည်း ဆိုသွားပါတယ်။
၎င်းက "အတိုက်အခံ ယှဉ်ပြိုင်မယ့်သူ မရှိဘူး။ ဘယ်သူမှ ရှုံးဖို့ သက်သက် ဝင်မပြိုင်လိုကြဘူး။ သူ ဆက်ရှိနေသင့်ဘူး။ ဒါပေမဲ့ လက်ရှိ စနစ်အရ သူ ထွက်ခွာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ယူအီးအက်ဖ်အေဥက္ကဌအလက်ဇန္ဒားစီဖီရန်မှာလည်း ဖီဖာရဲ့ ကမ္ဘာဖ့လားပြိုင်ပွဲအတွင်း အသုံးပြုလာတဲ့ စည်းမျဉ်းစည်းကမ်းသစ်များ၊ အငြင်းပွားဖွယ် လုပ်ဆောင်မှုများကို စိတ်ပျက်ကာ ကမ္ဘာဖ့လားဗိုလ်လုပွဲသို့ မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။

image