5 ရက် - ဘာသာပြန်ပါ။

ဘရူနိုဂူမာရေးစ်အား ခေါ်ယူရေး နယူးကာဆယ်နှင့်တိုက်ရိုက် ဆွေးနွေးလာပြီ ဖြစ်တဲ့ အာဆင်နယ်
====================

အာဆင်နယ်ဟာ ဘရူနိုဂူမာရေးစ်အား ခေါ်ယူရေးအတွက် နယူးကာဆယ်နှင့် တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ရာသီမစတင်မီ ပရီးမီးယားလိဂ်ချန်ပီယံသို့ ပြောင်းရွှေ့လိုကြောင်း နယူးကာဆယ်တာဝန်ရှိသူများထံ အတိအလင်းသတင်းပေးပို့ထားပြီးသူလည်း ဖြစ်ပါတယ်။
နယူးကာဆယ်ဘက်က ဘရူနိုဂူမာရေးစ်ကို ရောင်းချလာမှာ မဟုတ်ကြောင်း ပြောဆိုထားပေမဲလ့ည်း ယခုအခါ အပြောင်းအရွှေ့အတွက် အာဆင်နယ်နှင့် တိုက်ရိုက်ဆွေးနွေးလာပြီလည်း ဖြစ်ပါတယ်။
အာဆင်နယ်က လိုင်ယွန်ကွင်းလယ်ကစားသမားဟောင်းအတွက် ပေါင်သန်း ၆၀ ပေးသွားမယ်လို့ အသိပေးထားပါတယ်။
ဒါပေမဲ့ နယူးကာဆယ်ဘက်က ဘရာဇီးစတားအတွက် ဈေးကောင်းပိုရရှိရေး ဈေးကိုင်နေပါသေးတယ်။
အာဆင်နယ်ဟာ ကာလရှည်အတန်ကြာ ခေါ်ယူရေး ကြိုးပမ်းလာခဲ့တဲ့ မော်ဂန်ရော်ဂျာကို ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးထံသို့ လက်လွှတ်လိုက်ရပြီးနောက် ဘရူနိုဂူမာရေးစ်အား ခေါ်ယူရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်လာပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီတွင် တောင်ပံနှင့်ကွင်းလယ်ကို အားဖြည့်ရန် စီစဉ်ထားတာ ဖြစ်ပြီး မားတီးယပ်စ်ဖာနန်ဒက်စ်နှင့် ဆန်ဒရိုတို့အား‌ ခေါ်ယူရေး ကြိုးပမ်းခဲ့ရာမှာလည်း စပါးစ်ထံ လက်လွှတ်ခဲ့ရပါတယ်။
၎င်းတို့ဟာ အဲလက်စ်စကော့ကို ခေါ်ယူရေး စဉ်းစားထားပေမဲ့လည်း ဘုန်းမောက်က လက်လွှတ်လာဖို့ မရှိပါဘူး။
အာဆင်နယ်ဟာ ကလပ်ဘရုဂျက်မှ ဂရိတောင်ပံကစားသမားခရစ္စတို့စ်ဇိုလစ်အား ခေါ်ယူရေး သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
ဂရိသမိုင်းတွင် တန်ဖိုးအကြီးဆုံးကစားသမားဖြစ်လာမဲ့ ဇိုလစ်ဟာ ယခုအပတ်တွင် လန်ဒန်သို့ လာရောက်ကာ ဆေးစစ်ဆေးမှု ခံယူကာ အပြောင်းအရွှေ့အား အပြီးသတ်လာပါမယ်။

image