5 ရက် - ဘာသာပြန်ပါ။

အာဂျင်တီးနားနှင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်အတွက် အနိုင်ဂိုးမသွင်းမီ ချစ်သူနှင့် လမ်းခွဲပြတ်စဲခဲ့တဲ့ စပိန်စတားဖာရန်တောရက်စ်
=================

ဖာရန်တောရက်စ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးသွင်းကာ စပိန်ကို ဒုတိယမြောက်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် အကြီးအကျယ်ပျော်ရွှင်နေကောင်း ပျော်ရွှင်နေပါလိမ့်မယ်။
ဒါပေမဲ့ ဘာစီလိုနာတိုက်စစ်မှူးဟာ အာဂျင်တီးနားနှင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီ ရက်အနည်းငယ်အလိုမှာ ချစ်သူနှင့် လမ်းခွဲလိုက်မှုနှင့်အတူ ကွင်းပြင်ပမှာတော့ အချစ်ရေးကံမကောင်းအကြောင်းမလှ ကြုံနေခဲ့ရတာပါ။
တောရက်စ်ဟာ တနင်္ဂနွေနေ့တုန်းက MetLife Stadium တွင် လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအား စပိန်တို့ ၁-၀ ဂိုးဖြင့် အနိုင်ရရှိအောင် တစ်လုံးတည်းသော အနိုင်ဂိုးအား အချိန်ပိုမှာ သွင်းယူပေးခဲ့ပါတယ်။
သူဟာ စပိန်ကို ဒုတိယမြောက် ကမ္ဘာ့ဖလားရရှိအောင် ကူညီလာမှုနှင့်အတူ သမိုင်းဝင် ကစားသမားတစ်ဦး ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ကမ္ဘာဖ့လားပြိုင်ပွဲအတွင်းတွင် ချစ်သူ မာတီနာဟန့်တားနှင့် လမ်းခွဲကာ မြောက်အမေရိကမှာ အသည်းကွဲရင်း ဘောလုံးကစားလာခဲ့ရတာပါ။
Bild ရဲ့ဖော်ပြလာမှုအရ ၎င်းတို့စုံတွဲဟာ ဇူလိုင်လ ၁၀ ရက်နေ့တုန်းက ဘယ်ဂျီယံအား စပိန်တို့ ၂-၁ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ လမ်းခွဲခဲ့ကြကြောင်း သိရပါတယ်။
တောရက်စ်နှင့် ဟန့်တားတို့ဟာ အိုင်ဘီဇာကမ်းခြေသို့ ပုံမှန် အလည်အပတ်သွားရောက်ကာ အပန်းဖြေခဲ့ကြသူများလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ လမ်းခွဲလိုက်ကြပြီးတဲ့နောက် ၎င်းတို့နှစ်ဦးဟာ အင်စတာဂရမ်တွင် အပြန်အလှန် Unfollow လုပ်ထားကြပြီလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဟန့်တားဟာ တောရက်စ်နှင့် လမ်းခွဲလိုက်ပြီးနောက် ဘာလီကျွန်းသို့ သွားရောက် အပန်းဖြေကာ အသည်းကွဲဝေဒနာကို ကျော်လွှားနိုင်ရေး ကြိုးပမ်းနေပါတယ်။
တောရက်စ်ဟာ ဟန့်တားမတိုင်မီ ပီအက်စ်ဂျီနည်းပြလူးဝစ်အန်းနရစ်ရဲ့သမီးဆီရာမာတီနက်ဇ်နှင့် ချစ်ကြိုခဲ့ဖူးသူ ဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာတွင် လူးဝစ်အန်းနရစ်လက်အောက်မှာ ကစားနေစဉ်အတွင်း ဆီရာမာတီနက်ဇ်နှင့် ချစ်ကြိုက်ခဲ့တာပါတယ်။ ဒါပေမဲ့ ၎င်းတို့စုံတွဲဟာ ၂၀၂၃ ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။
ဖာရန်တောရက်စ်ဟာ ယခုနွေရာသီတွင် လူးဝစ်အန်းနရစ်ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီသို့ ပြောင်းမယ်လို့လည်း သတင်းထွက်နေပါတယ်။

image