5 ရက် - ဘာသာပြန်ပါ။

ဖီဖာအား သပိတ်မှောက်တဲ့အနေဖြင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ယူအီးအက်ဖ်အေဥက္ကဌ မတက်ရောက်ခဲ့
=====================

ယူအီးအက်ဖ်အေဥက္ကဌအလက်ဇန္ဒားစီဖီရန်ဟာ ဖီဖာအား သပိတ်မှောက်တဲ့အနေဖြင့် အာဂျင်တီးနားနှင့် စပိန်တို့ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအား မတက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဆလိုဗေးနီးယားနိုင်ငံသားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဖီဖာရဲ့ ဆုံးဖြတ်ချက်များအပေါ် လက်မခံနိုင် ဖြစ်ပြီးနောက် တနင်္ဂနွေနေ့တုန်းက နယူးဂျာစီသို့ မသွားရောက်ဘဲ မက္ကဆီကိုစီးတီးသို့ သွားရောက်ခဲ့ပါတယ်။
ယူအီးအက်ဖ်အေဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်လုပ်ဆောင်မှုဖြင့် အမေရိကန်တိုက်စစ်မှူးဘာလိုဂန်ရဲ့ ၁ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်မှုအပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။
ယင်းအဖြစ်အပျက်မှာ စီဖီရန်ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ မတက်ရောက်ရန် ဆုံးဖြတ်ရတဲ့ အဓိကအကြောင်းရင်းများထဲမှ တစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် စီဖီရန်ဟာ ချန်ပီယံလိဂ် သို့မဟုတ် ယူရိုပြိုင်ပွဲတွင် အသုံးပြုလာခြင်း မရှိတဲ့ ကမ္ဘာဖ့လားဗိုလ်လုပွဲ ပထမပိုင်းအပြီး ဖျော်ဖြေရေးအစီအစဉ်ကိုလည်း အကြီးအကျယ်ကန့်ကွက်သူများထဲမှ တစ်ဦး ဖြစ်ပါတယ်။
အာဂျင်တီးနားနှင့် စပိန်တို့ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပထမပိုင်းအပြီးတွင် ပေါ့ပ်စတားများဖြစ်ကြတဲ့ မက်ဒေါနား၊ ဂျပ်စတင်ဘီဘာ၊ ရှာကီရာ၊ BTS တို့ ဖျော်ဖြေခဲ့ပါတယ်။
ဖီဖာစည်းမျဉ်းအရ ပထမပိုင်းအပြီး နားချိန် ၁၅ မိနစ်ထက် မပိုရပေမဲ့လည်း ယင်းဖျော်ဖြေပွဲကြောင့် ပထမပိုင်းအပြီး နားချိန် ၂၇ မိနစ်နှင့် ၂၂ စက္ကန့်အထိ ကြာမြင့်ခဲ့ပါတယ်။
တဖက်တွင် ယူအီးအက်ဖ်အေဟာ ဖီဖာဥက္ကဌအင်ဖန်တီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲအား ၆၄ သင်းအထိ တိုးမြှင့်ကျင်းပရေး လုပ်ဆောင်နေမှုကိုလည်း ကန့်ကွက်နေပါတယ်။
ယူအီးအက်ဖ်အေဟာ ကမ္ဘာ့ဖလားမတိုင်မီ အမေရိကန်ပြည်ဝင်ခွင့်မရခဲ့တဲ့ ဆိုမာလီနိုင်ငံသားဒိုင်လူကြီးအိုမာအာတန်အား ဩဂုတ်လ ၁၂ ရက်နေ့ ပီအက်စ်ဂျီနှင့် ဗီလာတို့ ကစားမဲ့ ဥရောပစူပါဖလားပွဲအား ကြီးကြပ်ခွင့်ပေးပါသေးတယ်။
ယူအီးအက်ဖ်အေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲလက်မှတ်ဈေးနှုန်းအလွန်မြင့်မားနေမှုအပေါ်မှာလည်း ရှေ့တန်းမှ ကန့်ကွက်ခဲ့ပါတယ်။
ယူအီးအက်ဖ်အေဟာ ယူရို ၂၀၂၈ ပြိုင်ပွဲလက်မှတ်ဈေးနှုန်းကို လျှော့ချထားပါတယ်။
ယူအီးအက်ဖ်အေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖီဖာက ပြိုင်ဘက်အသင်းအား စကားပြောချိန်တွင် ပါးစပ်ကို ကာကွယ် ပြောဆိုတဲ့ ကစားသမားအား အနီကတ်ပြသပေမဲ့လည်း ၎င်းတို့ ကျင်းပတဲ့ ချန်ပီယံလိဂ်အပါအဝင် ပြိုင်ပွဲများတော့ ယင်းစည်းမျဉ်း အသုံးပြုလာမှာ မဟုတ်ပါဘူး။
ဒါ့အပြင် ယူအီးအက်ဖ်အေက ကွင်းအတွင်း ဒိုင်လူကြီးအမှားအား VAR က ကြားဝင်ကာ အမန်ဖြစ်တဲ့ လုပ်ရပ်မျိုး မပြုလုပ်ရန်လည်း ဒိုင်လူကြီးများကို ညွှန်ကြားထားပါသေးတယ်။ ဖီဖာက ကမ္ဘာ့ဖလားတွင် အသုံးပြုလာတဲ့ ယင်းစနစ်ကြောင့် ဆွစ်ဇာလန်တိုက်စစ်မှူးဘရဲလ်အမ်ဘိုလိုမှာ အာဂျင်တီးနားနှင့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

image