ရန်ကုန်မြို့နယ်အချို့၌ စားသုံးသူများအတွက် ကြက်ဥတစ်လုံး ၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိ

ပြည်သူများ၏ စားသောက်ရေးကုန်ကျစရိတ် သက်သာစေရန်နှင့် စားသောက်ကုန် ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ဘဲမွေးမြူထုတ်လုပ် ရောင်းချသူများအသင်းနှင့် ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချသူများအစုအဖွဲ့တို့ ပူးပေါင်း၍ ကြက်ဥများကို စားသုံးသူများ လက်ဝယ်အရောက် သက်သာသော ဈေးနှုန်းဖြင့် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ကာ အထူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြက်ဥ အထူးဈေးရောင်းချပေးခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးမှ ဈေးများတွင် အလှည့်ကျစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။
လာမည့် ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း ဒေသခံပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် မြို့နယ်အသီးသီးရှိ အောက်ပါ ဈေးများတွင် ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်နှုန်း ဖြင့် စနစ်တကျ ရောင်းချပေးသွားမည် ဖြစ်သည် -
ရွှေပြည်သာမြို့နယ် - ပတ္တမြားဈေး
တောင်ဥက္ကလာပမြို့နယ် - နန္ဒဝန်ဈေး
ပုဇွန်တောင်မြို့နယ် - ပုဇွန်တောင်ဈေး
မြောက်ဥက္ကလာပမြို့နယ် - ရတနာသိင်္ဂီဈေး (ဈ ဈေး)
သင်္ဃန်းကျွန်းမြို့နယ် - စံပြဈေး
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် - ဒဂုံရွှေပြည်ဈေး
တာမွေမြို့နယ် - တာမွေအခွန်လွတ်ဈေး
ဗိုလ်တထောင်မြို့နယ် - ဘိုကလေးဈေး
မင်္ဂလာဒုံမြို့နယ် - ထောက်ကြန့်လမ်းဆုံ (ထောက်ကြန့်ဈေးအနီး)
စသည်တို့တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

image