နေတန်ယာဟုကို အမေရိကန်နိုင်ငံထဲမှာ ဖမ်းဆီးမယ့်အန္တရာယ် မရှိဘူးဟု ထရမ့်ပြော
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) ရဲ့ ဖမ်းဝရမ်းအရ အမေရိကန်ပြည်ထောင်စုထဲမှာ ဖမ်းဆီးခံရမယ့် အန္တရာယ်မျိုး လုံးဝမရှိဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီ(Zohran Mamdani) ရဲ့ ပြောဆိုချက်တွေအပေါ် ထရမ့်က တုံ့ပြန်ရာမှာ "အမေရိကန်ပြည်ထောင်စုမှာ ရှိနေချိန်အတွင်း ဘင်ဂျမင် နေတန်ယာဟုကို ဘယ်လိုနည်းနဲ့မှ၊ ဘယ်လိုပုံစံနဲ့မှ ဖမ်းဆီးမှာ မဟုတ်ပါဘူး" လို့ သူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာပါ။
မြို့တော်ဝန် မမ်ဒါနီကတော့ နေတန်ယာဟုသာ နယူးယောက်မြို့ကို ရောက်လာခဲ့ရင် ICC ဖမ်းဝရမ်းနဲ့ သူ့ကို ဖမ်းဆီးလို့ ဥပဒေအရ ရ၊ မရဆိုတာကို ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ အရင်က ပြောဆိုထားဖူးတာ ဖြစ်ပါတယ်။