နေတန်ယာဟုကို အမေရိကန်နိုင်ငံထဲမှာ ဖမ်းဆီးမယ့်အန္တရာယ် မရှိဘူးဟု ထရမ့်ပြော

​အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) ရဲ့ ဖမ်းဝရမ်းအရ အမေရိကန်ပြည်ထောင်စုထဲမှာ ဖမ်းဆီးခံရမယ့် အန္တရာယ်မျိုး လုံးဝမရှိဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
​နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီ(Zohran Mamdani) ရဲ့ ပြောဆိုချက်တွေအပေါ် ထရမ့်က တုံ့ပြန်ရာမှာ "အမေရိကန်ပြည်ထောင်စုမှာ ရှိနေချိန်အတွင်း ဘင်ဂျမင် နေတန်ယာဟုကို ဘယ်လိုနည်းနဲ့မှ၊ ဘယ်လိုပုံစံနဲ့မှ ဖမ်းဆီးမှာ မဟုတ်ပါဘူး" လို့ သူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာပါ။
​မြို့တော်ဝန် မမ်ဒါနီကတော့ နေတန်ယာဟုသာ နယူးယောက်မြို့ကို ရောက်လာခဲ့ရင် ICC ဖမ်းဝရမ်းနဲ့ သူ့ကို ဖမ်းဆီးလို့ ဥပဒေအရ ရ၊ မရဆိုတာကို ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ အရင်က ပြောဆိုထားဖူးတာ ဖြစ်ပါတယ်။

image