4 ရက် - ဘာသာပြန်ပါ။

ဇူလိုင်လအတွင်း ဒုတိယအကြိမ်မြောက်ဆိုက်ကပ်လာသည့် LNG တန်ချိန်(၃)သောင်းကျော်တင်ဆောင်လာသော သင်္ဘော

ဇူလိုင်လအတွင်း LNG တန်ချိန်(၃)သောင်းကျော်တင် ဆောင်လာသော သင်္ဘောသည် သီလဝါဆိပ်ကမ်းသို့ဆိုက်ကပ်လာခဲ့ပြီးနောက် ဇူလိုင် ၂၀ ရက်ညနေပိုင်း၌ ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော CVE ဘေးကပ်ကာ Gas များကိုဖြည့်တင်းပေးခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့လည်ပိုင်းကလည်း ဇူလိုင်လအတွက် ပထမအကြိမ်အဖြစ် LNG တန်ချိန်(၃) သောင်းကျော်တင်ဆောင်လာသောသင်္ဘောသည် သီ လဝါဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော CVE ဘေးကပ်ပီး၍ Gas များကိုဖြည့်တင်းပေးခဲ့သည်။
ဇူလိုင် ၂၀ ရက်က CVE ဘေးကပ်ပီး၍ Gas များကိုဖြည့်တင်းပေးခဲ့သော LNG တန်ချိန်(၃)သောင်းကျော်တင် ဆောင်လာသောသင်္ဘောသည် သဘာဝဓာတ်ငွေ့ဖြင့်လျှပ်စစ်မီးစတင်ဖြန့်ဝေပေးချိန်မှစ၍ Gas များဖြည့်တင်းပေးခဲ့သည်မှာ (၉)ကြိမ်မြောက်ရှိပြီဖြစ်သည်။

image