4 ရက် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်ထံမှ ၁၃ ဂိုးသွင်းထားတဲ့ ပါရမီရှင်ကို ခေါ်ယူလာတဲ့ ယူနိုက်တက်
========================

မန်ချက်စတာယူနိုက်တက်ဟာ စပါးစ်မှ ပါရမီရှင်တောင်ပံကစားသမားတိုင်နန်သွမ်ဆင်ကို ပထမအသင်းနှင့် ပူးပေါင်းခွင့် ရရှိမယ်လို့ ကတိပြုကာ ခေါ်ယူလာပါတယ်။
ယူနိုက်တက်ဟာ သွမ်ဆင်အတွက် စပါးစ်ကို ပေါင် ၄ သန်းပေးခဲ့ရပြီး ကစားသမားရဲ့ ပထမအသင်းနှင့်အတူ အောင်မြင်မှုအပေါ် မူတည်ပြီး နောက်ထပ် ပေါင် ၄ သန်းထပ်မံပေးရပါမယ်။
ဒါ့အပြင် စပါးစ်ဟာ သွမ်ဆင်ရဲ့အရောင်းစာချုပ်အတွင်းတွင် ယူနိုက်တက်တို့ ထပ်ဆင့် ရောင်းချလာချိန်တွင် ပြောင်းရွှေ့ကြေးရဲ့ ၁၅ ရာခိုင်နှုန်းကို အကျိုးခံစားခွင့် ရရှိလာဦးမယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုလာပါတယ်။
ယူနိုက်တက်ဟာ အသက် ၁၈ နှစ်ရှိ တိုက်စစ်မှူးကို ပထမအသင်းတွင် ကစားခွင့်ရမယ်ဆိုတဲ့ကတိအပြင် မက်လောက်စရာကောင်းတဲ့ လုပ်ခပေးပြီး ဆွဲဆောင်ကာ အိုးထရက်ဖို့ဒ်သို့ ခေါ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
အသက် ၁၈ နှစ်ရှိ ဘယ်တောင်ပံကစားသမားသွမ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက စပါးစ်လူငယ်အသင်းအတွက် ၂၆ ပွဲကစားပေးခဲ့ရာမှာ ၁၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သွမ်ဆင်ဟာ ပီအက်စ်ဂျီ၊ ဒေါ့မွန်တို့နှင့် ချန်ပီယံလိဂ်ပွဲစဉ်များတွင် စပါးစ်ရဲ့အရန်လူစာရင်းမှာ ပါဝင်ခဲ့ပေမဲ့လည်း ကစားခွင့်မရခဲ့ပါဘူး။
ယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက အာဆင်နယ်မှ ပါရမီရှင်နောက်ခံလူအေဒင်ဟဲဗင်းကို ယင်းသို့ ခေါ်ယူခဲ့ဖူးပါတယ်။
ဟဲဗင်းဟာ ထိုစဉ်တုန်းက အသက် ၁၈ နှစ်အရွယ်သာ ရှိပြီး အာဆင်နယ်စီနီယာအသင်းအတွက် ၁ ပွဲတည်းသာ ကစားခွင့်ရခဲ့ပါတယ်။
သူဟာ ယူနိုက်တက်သို့ ပြောင်းလာပြီးနောက် တစ်လအကြာတွင် ပထမဆုံးပွဲ ကစားခွင့်ရခဲ့ပြီး ၂၀၂၄-၂၅ ရာသီတွင် ၆ ပွဲကစားခွင့်ရခဲ့ပါတယ်။
သွမ်ဆင်ဟာ အင်္ဂလန်ယူ-၁၈ အသင်းအတွက် ကစားခွင့်ရနေသူလည်း ဖြစ်ပါတယ်။

image