1 ရက် - ဘာသာပြန်ပါ။

၂၀၀၇ ခုနှစ် ၅ လသားအရွယ်တုန်းက ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ လာမိန်းယာမဲလ်နှင့် ဗိုလ်လုပွဲတွင် ဆုံတွေ့လာမှုအပေါ် မက်ဆီ မယုံနိုင်အောင် ဖြစ်နေ
==================

လီယွန်နယ်မက်ဆီက တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်ရဲ့ လာမိန်းယာမဲလ်နှင့် ဆုံတွေ့မှုအပေါ် မယုံကြည်နိုင်အောင် ဖြစ်ရကြောင်း ပြောကြားလာပါတယ်။
လာမိန်းယာမဲလ်ဟာ ငါးလသားအရွယ်တုန်းက ထိုစဉ်တုန်းက ဘာစီလိုနာပါရမီရှင် လီယွန်နယ်မက်ဆီနှင့် ဓာတ်ပုံတွဲရိုက်ခွင့် ရရှိခဲ့ပါတယ်။
၂၀၀၇ ခုနှစ်တုန်းက ဘာစီလိုနာရဲ့ ပရဟိတဓာတ်ပုံရိုက်ကူးခွင့် အစီအစဉ်တွင် လာမိန်းယာမဲလ်ရဲ့မိဘများက ရိုက်ကူးခွင့် ရရှိသွားပြီးနောက် အသက် ၂၀ နှစ်ရှိ မက်ဆီမှာ ထိုစဉ်တုန်းက ၅ လသားအရွယ်ရှိ လာမိန်းယာမဲလ်နှင့် ဓာတ်ပုံရိုက်ခဲ့ရပါတယ်။
နယူးယောက်တွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် NFL ဂန္ထဝင်တွမ်ဘရာဒီက ယင်းဓာတ်ပုံများ အလွန်တိကျတဲ့ ဟောကိန်းများ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မက်ဆီကလည်း "ဒီဓာတ်ပုံက အံ့ဩစရာကောင်းတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး အခု ကမ္ဘာ့ဖလားကစားနေတာက တကယ့်ကို ရူးချင်စရာပါ"လို့ ပြောကြားသွားပါတယ်။
လာမိန်းယာမဲလ်ဟာ အသက် ၁၅ နှစ်အရွယ်မှာပင် ဘာစီလိုနာအတွက် ပထမဆုံးပွဲ ကစားခွင့် ရရှိပြီး နူးကမ့်တွင် မက်ဆီရဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံထားပါတယ်။
သူဟာ အသက် ၁၉ နှစ်အရွယ်မှာပင် စပိန်ကို ယူရို ၂၀၂၄ ချန်ပီယံဖြစ်အောင် ကူညီခဲ့ပါတယ်။
သူဟာ စပိန်နှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးလာပါက ယူရိုရော ကမ္ဘာ့ဖလားပါ ဆွတ်ခူးနိုင်တဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်လာပါမယ်။
အသက် ၃၉ နှစ်ရှိ မက်ဆီက "သူက အခု ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ သူ့အောင်မြင်မှုက ဘာစီလိုနာရဲ့အောင်မြင်မှု ဖြစ်လာမှာ ဖြစ်လို့ သူ့အတွက် ဆုမွန်ကောင်းတောင်းပါတယ်။ သူ့ရဲ့အကောင်းဆုံးမထွက်ပေါ်လာအောင် ကျွန်တော်တို့ ထိန်းချုပ်သွားပါမယ်။ စပိန်က သူ့ကြောင့်သာ မဟုတ်ပါဘူး။ တကယ့်အသင်းကောင်းတစ်သင်းပါ။ သူက ဂလိုဘယ်စတားပါ။ တကယ့် ကြီးကျယ်တဲ့ ကစားသမားပါ။ သူ့အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ ကစားသမားဘဝ ရှေ့ဆက်ဖို့ အများကြီး ကျန်သေးတယ်။ သူ့အတွက် အကောင်းဆုံးဖြစ်လာဖို့ ဆုတောင်းပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သူ ချန်ပီယံ မဖြစ်လာဖို့ ကျွန်တော်တို့ အစွမ်းကုန် လုပ်သွားမယ်"လို့ ပြောကြားသွားပါတယ်။
သောကြာနေ့က ပြုလုပ်တဲ့ ပရိသတ်တွေ့ဆုံပွဲသို့ မက်ဆီအပြင် အာဂျင်တီးနားဂိုးသမားအီမီလီယာနိုနှင့် စပိန်အသင်းခေါင်းဆောင်ရိုဒရီလည်း တက်ရောက်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲတွင် အာဂျင်တီးနားနည်းပြလီယွန်နယ်စကာလိုနီဟာ စပိန်နည်းပြလူးဝစ်ဒီဖူအန်တီနှင့် တွေ့ဆုံပွေ့ဖက်ခဲ့ပါတယ်။
စကာလိုနီဟာ စပိန်တွင် ယူအီးအက်ဖ်အေပရိုလိုင်စင် ရရှိရန် ကြိုးပမ်းတုန်းက လူးဝစ်ဒီလာဖူအန်တီထံတွင် ပ့ညာသင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

image