အကောင်းဆုံးဘယ်ခြမ်းဗဟိုနောက်ခံလူများထဲမှ တစ်ဦးဖြစ်တဲ့ မီဟာရီမိုဗစ်ကို ပေါင် ၃၄.၁ သန်းဖြင့် လိဒ် ခေါ်ယူလာ
=====================
လိဒ်ဟာ စီးရီးအေကလပ် ဆက်စ်ဆူလိုမှ နောက်ခံလူတာရစ်ခ်မီဟာရီမိုဗစ်အား ပေါင် ၃၄.၁ သန်းဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
အသက် ၂၃ နှစ်ရှိ ဘော့စနီးယားလက်ရွေးစင်နောက်ခံလူဟာ လိဒ်သို့ ၅ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာတာလည်း ဖြစ်ပါတယ်။
လိဒ်ဟာ ဇွန်လတုန်းက ဘရိုက်တန်သို့ ပေါင်သန်း ၂၀ ဖြင့် ရောင်းချလိုက်တဲ့ ပါစကယ်စထရူ့ဂျ်နေရာတွင် တိုက်ရိုက်အစားထိုး၇◌န် မီဟာရီမိုဗစ်အား ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
လိဒ်ဟာ ယခုနွေရာသီတွင် ပထမဆုံးခေါ်ယူမှုအဖြစ် ဖူလ်ဟမ်မှ ဟယ်ရီဝီလ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူပြီးနောက် ဒုတိယမြောက် ခေါ်ယူမှုအဖြစ် မီဟာရီမိုဗစ်ကို ခေါ်ယူလာတာပါ။
မီဟာရီမိုဗစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃၂ သင်း ရှုံးထွက်အဆင့်အထိ တက်ခဲ့တဲ့ ဘော့စနီးယားအတွက် ၃ ပွဲကစားပေးခဲ့သူ ဖြစ်ပါတယ်။
ဆလိုဗေးနီးယားဖွား မီဟာရီမိုဗစ်ဟာ ၂၀၂၁ ခုနှစ်တွင် ဩစတြီးယားကလပ် Wolfsberger တွင် ကစားသမားဘဝ စတင်ခဲ့ပြီး ဂျူဗင်တပ်သို့ ပြောင်းခွင့်ရခဲ့ပေမဲ့ တစ်ပွဲမျှ မကစားခဲ့ရဘဲ ၂၀၂၅ ခုနှစ်တွင် ဆက်စ်ဆူလိုသို့ ရောင်းချခြင်းခံခဲ့ရပါတယ်။
မီဟာရီမိုဗစ်ဟာ သူ့မျိုးဆက်ထဲတွင် အကောင်းဆုံးဘယ်ခြမ်းဗဟိုနောက်ခံလူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ မီဟာရီမိုဗစ်အား ရောင်းချစဉ်တုန်းက အရောင်းစာချုပ်ပါအချက်အရ ယခု ပြောင်းရွှေ့ကြေးရဲ့ ၅၀ ရာခိုင်နှုန်းအား အကျိုးခံစားခွင့် ရရှိပါမယ်။