6 ရက် - ဘာသာပြန်ပါ။

မိုးကြိုးမုန်တိုင်းကြောင့် အတ္တလန္တာဟိုတယ်တွင် ပိတ်မိနေခဲ့ကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ပြင်ဆင်မှု နှောင့်နှေးခဲ့ရတဲ့ အာဂျင်တီးနားအသင်း
====================

အာဂျင်တီးနားအသင်းဟာ ကြာသပတေးနေ့တုန်းက မိုးကြိုးမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ပြင်ဆင်မှုနှောင့်နှေးခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းဟာ အင်္ဂလန်ကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် အနိုင်ရရှိပြီးနောက် ကြာသပတေးနေ့တုန်းက အတ္တလန္တာတွင်ပင် ဆက်လက် ရှိနေခဲ့ရပါတယ်။
လီယွန်နယ်စကာလိုနီရဲ့ အာဂျင်တီးနားဟာ ကြာသပတေးနေ့တွင် နယူးယောက်သို့ ထွက်ခွာပြီး တနင်္ဂနွေနေ့တွင် စပိန်နှင် ကစားရမဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ပြင်ဆင်မှု ပြုလုပ်ရန် စီစဉ်ထားခဲ့တာပါ။
ဒါပေမဲ့လည်း ရာသီဥတုကြောင့် လေယာဉ်ခရီးစဉ် ရွှေ့ဆိုင်းရမှုနှင့်အတူ အာဂျင်တီးနားအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
မီဒီယာများရဲ့ဖော်ပြချက်အရ အာဂျင်တီးနားတစ်သင်းလုံးဟာ Hartsfield-Jackson Atlanta International Airport လုပ်ငန်းစဉ်များ ပြန်လည် အသက်ဝင်လာချိန်အထိ ပိတ်ပိနေခဲ့ကြောင်း သိရပါတယ်။
ယင်းသို့ လေယာဉ်ခရီးစဉ် ရွှေ့ဆိုင်းရမှုနှင့်အတူ အာဂျင်တီးနားအသင်းရဲ့ ယနေ့သောကြာနေ့တွင် နယူးယောက်တွင် စတင် လေ့ကျင့်ခန်းဆင်းရန် စီစဉ်ထားမှုအပေါ်တွင်လည်း ရိုက်ခတ်လာပါမယ်။
အတ္တလန္တာနှင့် နယူးယောက်အကြား လေယာဉ်ခရီးစဉ် ကြာမြင့်ချိန်မှာ ၂ နာရီနှင့် မိနစ် ၂၀ သာ ကြာမြင့်ပါတယ်။
ယင်းသို့ ခရီးစဉ် နှောင့်နှေးမှုနှင့်အတူ အာဂျင်တီးနားအသင်းရဲ့ ယနေ့ သောကြာနေ့ နေ့လည်ပိုင်းတွင် လေ့ကျင့်ခန်းဆင်းရန် စီစဉ်ထားမှုအပေါ် အနည်းနှင့်အများဆိုသလို ရိုက်ခတ်လာပါမယ်။
တဖက်တွင် နယူးယောက်တွင် ကနေဒါတောမီးလောင်ကျွမ်းမှုကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်နေပြီး အာဏာပိုင်များက အပြင်သို့ အတတ်နိုင်ဆုံး မထွက်ဘဲ နေအိမ်တွင်ပင် နေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်ထားပါသေးတယ်။
အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲပြိုင်ဘက် စပိန်အသင်းမှာမူ ဗုဒ္ဓဟူးနေ့ကတည်းက နယူးယောက်သို့ ရောက်ရှိခဲ့ပြီး ကြာသပတေးနေ့တုန်းက စတင် လေ့ကျင့်ခန်းဆင်းကာ ဗိုလ်လုပွဲအတွက် ပြင်ဆင်မှု စတင်နေပြီ ဖြစ်ပါတယ်။

image