1 ပတ် - ဘာသာပြန်ပါ။

စပိန်ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ပို့ဆောင်ပေးပြီး နာရီပိုင်းအကြာတွင် ဖောက်ထွင်းသမားတို့ရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရတဲ့ လာမိန်းယာမဲလ်
=======================

လာမိန်းယာမဲလ်ဟာ စပိန်ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင်ပင် ဖောက်ထွင်းသမားတို့ရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။
အသက် ၁၈ နှစ်ရှိ ဘာစီလိုနာစူပါစတားဟာ မနေ့ညတုန်းက ပြင်သစ်အား ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီ ရယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ တဖက်တွင် ဘာစီလိုနာရှိ သူ့နေအိမ်ကို ခေါင်းစွပ်အင်္ကျီဝတ်ဆင်ထားတဲ့ ဖောက်ထွင်းသမား ၂ ဦးတို့ ချဉ်းကပ်လာပြီး ဖောက်ထွင်းရန် ကြိုးပမ်းခဲ့ကြပါတယ်။
ယနေ့ နံနက်ပိုင်းတုန်းက ဖောက်ထွင်းသမားတို့ဟာ ယာမဲလ်ရဲ့ နေအိမ်အနီး နံရံတစ်ခုကို မှောင်ရိပ်ခိုကာ စောင့်ဆိုင်းနေခဲ့ကြပါတယ်။
ဒါပေမဲ့ ကံဆိုးချင်တော့ ၎င်းတို့ဟာ နေအိမ်သို့ ဝင်ရောက်ခြင်း မပြုလုပ်မီ လုံခြုံရေးကင်မရာက စောင့်ကြည့်မှတ်တမ်းတင်နေကြောင်း သိရှိရပြီးနောက် ထွက်ပြေးခဲ့ရပါတယ်။ ၎င်းတို့လက်ထဲတွင် ဖောက်ထွင်းပစ္စည်းများ ကိုင်ဆောင်ထားကြောင်းလည်း တွေ့ရပါတယ်။
လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က လာမိန်းယာမဲလ်ရဲ့နေအိမ်ကို ဖောက်ထွင်းရန် ကြိုးပမ်းခဲ့သူများအား စုံစမ်းရှာဖွေနေပါတယ်။
လာမိန်းယာမဲလ်ရဲ့ နေအိမ်ကို ယခင်တုန်းက ဘာစီလိုနောက်ခံလူဟောင်းဂါရတ်ပီကေးနှင့် ကိုလံဘီယာအဆိုတော်ရှာကီရာတို့ ပိုင်ဆိုင်ခဲ့ကြတာပါ။
ယခုနှစ် အစောပိုင်းတုန်းကလည်း လာမိန်းယာမဲလ်ရဲ့ ဘာစီလိုနာကစားဖော် ၂ ဦးတို့ ဖောက်ထွင်းမှုများနှင့် ကြုံခဲ့ရပါတယ်။
ဖေဖော်ဝါရီလတုန်းက ပူကူဘာစီရဲ့ နေအိမ် ဖောက်ထွင်းခံရပြီး အဖိုးတန်နာရီတစ်လုံး ရယူသွားခဲ့တဲ့အပြင် ရက်အနည်းငယ်အကြာတွင် ဂျိုအန်ဂါစီယာ နေအိမ်ဖောက်ထွင်းခံခဲ့ရပြီး ငွေသားများ၊ လက်ဝတ်ရတနာများ ဆုံးရှုံးခဲ့ရပါတယ်။
ယခုကဲ့သို့ နေအိမ်ဖောက်ထွင်းရန် ကြိုးပမ်းခြင်းခံရမှုက လာမိန်းယာမဲလ်ရဲ့ တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် အာရုံစိုက်မှုအပေါ် အနှောင့်အယှက်ဖြစ်လာဖို့ ရှိနေပါတယ်

image