ပြင်သစ်အစိုးရက ပိတ်ပင်ထားတဲ့ ပစ္စည်းကို အသုံးပြုနေမှုကြောင့် ၃ နှစ်အထိ ထောင်ဒဏ်ချခံရနိုင်တဲ့ မိုက်ကယ်အိုလီဆီ
==================
မိုက်ကယ်အိုလီဆီဟာ ပြင်သစ်အာဏာပိုင်များက ပိတ်ပင်ထားတဲ့ ပစ္စည်းကို ကမ္ဘာ့ဖလား Locker ထဲတွင် ထည့်သွင်း အသုံးပြုနေကြောင်း တွေ့ရပါတယ်။
မိုက်ကယ်အိုလီဆီအနေဖြင့် အမေရိကန်မှ ထွက်ခွာချိန်မှာ ယင်းပစ္စည်းကို လွှင့်ပစ်ခြင်း မပြုလုပ်လာပါက ပြင်သစ်အာဏာပိုင်များက တွေ့ရှိလာပါက ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ခြေ ရှိနေပါတယ်။
အသက် ၂၄ နှစ်ရှိ မိုက်ကယ်အိုလီဆီဟာ မနေ့ညတုန်းက ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် စပိန်ကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့မှုရဲ့ နာကျင်မှုဝေဒနာကို ဖြေသိမ့်နေရဆဲ ဖြစ်ပါတယ်။
မိုက်ကယ်အိုလီဆီဟာ အမေရိကန်တွင် တရားဝင် အသုံးပြုနိုင်တဲ့ အခြားဘောလုံးသမားအများစုကဲ့သို့ပင် ဆေးရွက်ကြီး မပါဝင်တဲ့ နီကိုတင်းထုပ်ကို အသုံးပြုနေတာလည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၄ ရက်နေ့တုန်းက ပါရာဂွေးနှင့် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီ အဝတ်အစားလဲခန်းရှိ မိုက်ကယ်အိုလီဆီရဲ့ Locker အား ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံအရ နီကိုတင်းထုတ် ရှိနေတာ တွေ့ရပါတယ်။
အပြာရောင်အထုတ်တစ်ထုတ်ကို ချိတ်ထားတဲ့ ကျောနံပါတ် ၁၁ အင်္ကျီ၊ ဒီဇိုင်နာအိတ်တစ်လုံးအနီးတွင် တွေ့ခဲ့ရပါတယ်။
အိုလီဆီအနေဖြင့် ယင်းနီကိုတင်းထုတ်ကို ပြင်သစ်နိုင်ငံသို့ ပြန်ချိန်မှာ ယူဆောင်သွားနိုင်မှာ မဟုတ်ပါဘူး။ ယင်းနီကိုတင်းထုတ်ကို ပြင်သစ်က ပိတ်ပင်ထားပါတယ်။
ယင်းနီကိုတင်းထုတ် အသုံးပြုမှုမှာ ဘောလုံးသမားများအကြား အလွန်ရေပန်းစားပါတယ်။ ယင်းနီကိုတင်းထုတ်ကို ငုံထားခြင်းဖြင့် ပွဲကြီးများတွင် ဖိအားဒဏ်ခံနိုင်ပြီး စိတ်လက်ပေါ့ပါးစေမှုအတွက် အသုံးပြုနေကြပါတယ်။
ဒါပေမဲ့ ကျွမ်းကျင်သူများကတော့ ယင်းနီကိုတင်းထုတ်မှာ ဆေးလိပ်သောက်ခြင်းထက် ဆိုးကျိုးများကြောင်း သတိပေးထားကြပါတယ်။
ပြင်သစ်ထက် ဆေးလိပ်သောက်နှုန်း ၅ ဆနည်းပါးတဲ့ ဆွီဒင်အပါအဝင် နိုင်ငံအများစုတွင် ပိတ်ပင်ထားပါတယ်။
အိုလီဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စံချိန်တင် ၅ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပါတယ်။
အင်္ဂလန်ဖွား အယ်ဂျီးရီးယားနှင့် နိုင်ဂျီးရီးယားနွယ်ဖွား အိုလီဆီဟာ အနောက်လန်ဒန်တွင် ကြီးပြင်းလာခဲ့ပေမဲ့ လက်ရွေးစင်အသင်းအတွက်မူ ပြင်သစ်အတွက် ကစားရန် ဆုံးဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။ S