ကမ္ဘာ့ဖလားမှ ထွက်ရပြီးနောက် စူပါရွက်လှေမှာဆိုရှယ်မီဒီယာ Infuencer နှင့်အတူ အပန်းဖြေနေတဲ့ ဗီနီရှပ်စ်ဂျူနီယာ
====================
ဗီနီရှပ်စ်ဂျူနီယာဟာ ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် ဆိုရှယ်မီဒီယာ Infuencer နှင့် အပျော်ခရီးထွက်ကာ အပန်းဖြေနေပါတယ်။
အသက် ၂၆ နှစ်ရှိ ရီးရဲလ်မက်ဒရစ်စူပါစတားဟာ နော်ဝေအား ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာရပြီးနောက် ဘရာဇီးပရိသတ်များရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဗီနီရှပ်စ်နှင့် ဘရာဇီးအသင်းတို့အားလုံးနီးပါးဟာ ဘရာဇီးတို့ ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီး အိမ်ပြန်ချိန်တွင် လိုက်ပါလာခြင်း မပြုဘဲ ပရိသတ်များရဲ့ ဒေါသကို ရှောင်လွဲခဲ့ကြပါတယ်။
ဗီနီရှပ်စ်ဟာ ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးချိန်မှာတော့ အိုင်ဘီဇာကမ်းခြေသို့ သွားရောက်ကာ စူပါရွက်လှေစီးပြီး အပန်းဖြေနေတာ တွေ့ရပါတယ်။
ဗီနီရှပ်စ်နှင့်အတူ မလုံတလုံရေကူးဝတ်စုံဝတ်ဆင်ထားတဲ့ ဆိုရှယ်မီဒီယာ Influencer ဗာဂျှီနီယာဖွန်ဆီကာကိုလည်း တွေ့ရပါတယ်။
ဘရာဇီးအမေရိကန်ကပြားဖွန်ဆီကာနှင့် ဗီနီရှပ်စ်တို့ဟာ ပြီးခဲ့တဲ့လများအတွင်းတွင် အတည်မကျမဟုတ်ဘဲ ကွဲလိုက် တွဲလိုက်ဖြစ်နေခဲ့ကြသူများလည်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကမ္ဘာ့ဖလားစတင်ပြီး ၂ ရက်အကြာမှာပင် လမ်းခွဲခဲ့ကြဖူးပါတယ်။
ဗီနီရှစ်ဟာ ကမ္ဘာဖ့လားအပြီး အပန်းဖြေခရီးထွက်ရန်အတွက် ဒေါ်လာ ၁ သန်းတန်ကြေးရှိ စူပါရွက်လှေကို ငှားရမ်း အပန်းဖြေနေတာလည်း ဖြစ်ပါတယ်။