ကမ္ဘာ့ဖလားတွင် အင်္ဂလန်သီချင်းဖြစ်လာပြီးနောက် ဗြိတိန်နံပါတ်တစ်နေရာကို ပထမဆုံးအကြိမ် ရယူလာတဲ့ Oasis ရဲ့ Wonderwall သီချင်း
====================

Oasis ရဲ့ အင်္ဂလန်သီချင်း Wonderwall ဟာ Spotify ရဲ့ ကမ္ဘာ့နံပါတ်တစ်နေရာကို ရယူနိုင်တော့မဲ့ အခြေအနေမျိုးသို့ ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် Wonderwall ဟာ Spotify ရဲ့ နံပါတ် ၂ နေရာကို ရယူထားပြီး တနင်္ဂနွေနေ့အထိ ၃.၈ သန်းအထိ နားထောင်ခြင်းခံထားရပါတယ်။
ဒါ့အပြင် နော်ဝေကို အနိုင်ရရှိတဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အပြီးတွင် ဗြိတိန်တွင် ၃၇၉၀၀၀ ကြိမ်ကျော် နားထောင်ခံထားရပါတယ်။
ဗြိတိန်ရဲ့ နာမည်ကျော်သတင်းစာ The Sun ဟာ ခရိုအေးရှားအား အနိုင်ရတဲ့ပွဲအပြီးတွင် Oasis ရဲ့ Wonderwall သီချင်းကို အသင်း သီဆိုပြီးနောက် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားသီချင်းဖြစ်ရမယ်ဆိုပြီး လှုံဆော်မှု ပြုလုပ်ခဲ့ပါတယ်။
လက်ရှိအချိန်တွင် Wonderwall ဟာ ဗြိတိန်ရဲ့အရောင်းရဆုံးသီချင်းအဖြစ် ၁၅၁၅၄ ဖြင့် ရပ်တည်နေပါတယ်။ Wonderwall ရဲ့ အထက်တွင် Sam Fender နှင့် Olivia Dean ရဲ့ Rein Me In က နံပါတ်တစ်အဖြစ် ရပ်တည်နေပါတယ်။
ဒါပေမဲ့ ယနေ့ညတွင် အင်္ဂလန်ကသာ အာဂျင်တီးနားကို အနိုင်ရရှိကာ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်လာပါက Wonderwall မှာ နံပါတ်တစ်နေရာကို ရယူလာဖို့ ရှိနေပါတယ်။
Oasis ရဲ့အအောင်မြင်ဆုံးသီချင်းဖြစ်တဲ့ Wonderfall ဟာ ၁၉၉၅ ခုနှစ်တုန်းက နံပါတ်နှစ် နေရာမှာ ရပ်တည်ခဲ့ပြီး ဗြိတိန်တွင် တစ်ခါမျှ နံပါတ်တစ်နေရာကို ရယူခဲ့ဖူးခြင်း မရှိပါဘူး။

image