3 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် ဒီကလန်ရိုက်စ် ပွဲထွက်/မထွက် နောက်ဆုံးအချိန်တွင်မှ အင်္ဂလန်ဆုံးဖြတ်လာမည်
=====================

အင်္ဂလန်ဟာ အာဂျင်တီးနားနှင့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဒီကလန်ရိုက်စ် ပွဲထွက်ကစား/မကစားအား ပွဲကစားရန် နီးကပ်လာချိန်တွင်မှ ဆုံးဖြတ်ချက်ချလာပါမယ်။
ဒါပေမဲ့ အင်္ဂလန်ဟာ အဖျားဝေဒနာ ရိုက်ခတ်မှု ကြုံခဲ့ရတဲ့ အာဆင်နယ်ကွင်းလယ်ကစားသမားမှာ ဗုဒ္ဓဟူးနေ့ပွဲစဉ်တွင် ပါဝင်ကစားလာနိုင်မယ်လို့ အပြုသဘောဆောင်တဲ့ ယုံကြည်မှု ရှိနေပါတယ်။
ရိုက်စ်ဟာ စနေနေ့တုန်းက မိုင်ယာမီတွင် နော်ဝေအား အနိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ အဖျားဝေဒနာခံကစားခဲ့ရသူဖြစ်ပြီး ပထမပိုင်းအပြီးတွင် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ပွဲအပြီးတွင် အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ဒီကလန်ရိုက်စ်မှာ အချိန်ပိုတွင် နော်ဝေအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမတိုင်မီ အိပ်ယာထက်တွင် ၃ ရက်နီးပါး လဲနေခဲ့ရကြောင်း ဆိုခဲ့ပါတယ်။
ဒီကလန်ရိုက်စ်ဟာ အဖျားဝေဒနာမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပေမဲ့ ကြံ့ခိုင်မှု ပြည့်ဝခြင်း မရှိသေးဘူးလို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာတော့ တိုးတက်မှုများ ရှိနေပါတယ်။
ဒါကြောင့်လည်း သောမတ်စ်တူချယ်ဟာ အာဂျင်တီးနားနှင့်ပွဲတွင် ဒီကလန်ရိုက်စ် ပွဲထွက်ကစားလာနိုင်မယ်လို့ ယုံကြည်မှု မြင့်မားလာနေပါတယ်။
ဒါပေမဲ့လည်း အင်္ဂလန်ဆေးအဖွဲ့ဟာ အဖျားဝေဒနာကြုံခဲ့ရတဲ့ ဒီကလန်ရိုက်စ်အား ပွဲကစားခါနီး နောက်ဆုံးအချိန်တွင်မှ ပွဲထွက်ကစားသမားအဖြစ် သုံးသင့်/မသုံးသင့်ကို ဆုံးဖြတ်လာပါမယ်။
တဖက်တွင် ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်တွင် ကစားစဉ်အတွင်း ဖနောင့်ပြဿနာ၊ ကျောအောက်ပိုင်း ပြဿနာတို့နှင့် ကြုံလာရတာ လအတန်ကြာပြီလည်း ဖြစ်ပါတယ်။
အင်္ဂလန်အတွက် ၇၈ ပွဲကစားထားတဲ့ ဒီကလန်ရိုက်စ်ဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပွဲ ၆ ပွဲတွင် ၅ ပွဲအား ပွဲထွက်ကစားထားသူဖြစ်ပြီး ပနားမားအား ၂-၀ ဖြင့် အနိုင်ရတဲ့ အုပ်စုပွဲတွင်သာ အနားပေးခြင်းခံထားရပါတယ်။

image