7 ရက် - ဘာသာပြန်ပါ။

ချဲလ်ဆီးတွင် ဖာနန်ဒက်ဇ်ကို ဆက်ထိန်းထားလိုကြောင်း အလွန်ဆို ပြောကြားလာ
===================

ချဲလ်ဆီးနည်းပြသစ်ဇာဘီးအလွန်ဆိုက စတမ်းဖို့ဒ်ဘရစ်ချ်တွင် အန်ဇိုဖာနန်ဒက်ဇ်အား ဆက်လက် ထိန်းထားလိုကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
အသက် ၂၅ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ အာဂျင်တီးနားနှင့်အတူ အင်္ဂလန်နှင့် ရင်ဆိုင်ကစားရမဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်နေသူ ဖြစ်ပြီး အသင်းပြောင်းရန် တံခါးဖွင့်ပေးထားခဲ့သလို ရီးရဲလ်မက်ဒရစ်သို့ ပြောင်းမယ်လို့ သတင်းထွက်ခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းတွင် ရီးရဲလ်မက်ဒရစ်က အာဂျင်တီးနားကွင်းလယ်ကစားသမားအား ခေါ်ယူရေးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်သွယ်ခြင်း မရှိကြောင်း ကြေညာထားပါတယ်။
ချဲလ်ဆီးဘက်ကလည်း ဖာနန်ဒက်ဇ်အတွက် ပေါင်သန်း ၁၂၀ အထိ အလိုရှိနေပါတယ်။
ချဲလ်ဆီးနည်းပြသစ်အဖြစ် မိတ်ဆက်ပွဲတွင် ဖာနန်ဒက်ဇ်အား ထိန်းထားလိုသလားလို့ မေးမြန်းလာချိန်တွင် အလွန်ဆိုက "ဟုတ်ပါတယ်။ ကျွန်တော်တို စကားပြောပြီးပါပြီ။ ဒါပေမဲ့ ခင်ဗျားလည်း နားလည်မှာပါ။ ကျွန်တော်တို့ ပြောခဲ့တာတွေက သီးသန့်အဖြစ် ရှိနေပါမယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် လေဗာကူဆင်နှင့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းက ဘိုင်ယန်မြူးနစ်သို့ အငှားဖြင့် သွားရောက်ကစားခဲ့တဲ့ တိုက်စစ်မှူးနီကိုလပ်စ်ဂျက်ဆင်မှာ အသင်းရဲ့ ဩစတြေးလျရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းလာမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။
တဖက်တွင် အာဂျင်တီးနားတောင်ပံကစားသမားအလီဂျန်ဒရိုဂါနာချိုမှာ ကြာသပတေးနေ့မှ စတင်ခဲ့တဲ့ ချဲလ်ဆီးရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းရန် ပျက်ကွယ်ခဲ့ပါတယ်။
ယင်းနှင့်ပတ်သက်ပြီး အလွန်ဆိုက ဂါနာချိုအား အသင်းပြောင်းရေး ကြိုးပမ်းနေစဉ် အသင်းနှင့် မပူးပေါင်းခွင့်ပေးထားကြောင်း ဆိုသွားပါတယ်။ ဂါနာချိုဟာ ယခုနွေရာသီတွင် ချဲလ်ဆီးမှ ထွက်ခွာလာမှာ ဖြစ်ပြီး ရိုးမားအပါအဝင် ကလပ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

image