ကမ္ဘာ့ဖလားဒိုင်လူကြီးစာရင်းမှ ဖယ်ရှားခြင်းခံရပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဒတ်ချ်ဒိုင်လူကြီး သေဆုံး
=====================

ဒတ်ချ်ဒိုင်လူကြီးရော့ဘ်ဒိုင်းပီရင့်ခ်ဟာ ဗြိတိန်တွင် လိင်အကြမ်းဖက်မှုဖြင့် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းခံရမှုကြောင့် ကမ္ဘာ့ဖလားဒိုင်လူကြီးများစာရင်းမှ ဖယ်ရှားခြင်းခံရပြီ ရက်သတ္တပတ်အတန်ကြာတွင် သေဆုံးလာခဲ့ပါတယ်။
ဒိုင်းပီရင့်ခ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် VAR ဒိုင်အဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခြင်းခံခဲ့ရပေမဲ့လည်း မေလတုန်းက ဖယ်ရှားခြင်းခံခဲ့ရပါတယ်။
အသက် ၃၈ နှစ်ရှိ ဒိုင်ဟာ ဧပြီလတုန်းက ဆယ်ကျော်သက်လူငယ်လေးတစ်ဦးအား လိင်အနိုင်ကျင့်မှုအတွက် Metropolitan Police ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပေမဲ့ သက်သေအထောက်အထားနည်းပါးမှုကြောင့် အမှုမှ လွတ်မြောက်သွားခဲ့ပါတယ်။
လက်ရှိအချိန်တွင် ဒိုင်းပီရင့်ခ်မှာ ဘယ်လို အကြောင်းကြောင့် သေဆုံးသွားလဲဆိုတာ မသိရသေးပါဘူး။
ဒိုင်းပီရင့်ခ်ဟာ ၂၀၁၇ ခုနှစ်မှ စတင်ကာ ဒတ်ချ်အဆင့်မြင့်တန်းလိဂ်တွင် တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားဒိုင်စာရင်းမှ ဖယ်ရှားခြင်းခံရပြီးနောက် ဒိုင်းပီရင့်ခ်က ၎င်းမှာ မှားယွင်းစွပ်စွဲခြင်းခံရခြင်းမျှသာ ဖြစ်ကြောင်း ဒတ်ချ်သတင်းစာ De Telegraaf နှင့် အင်တာဗျူးတွင် ပြောကြားသွားခဲ့ပါတယ်။
ဒိင်းပီရစ်ခ်ဟာ ဧပြီလ ၉ ရက်နေ့တုန်းက ခရစ္စတယ်ပဲလေ့စ်က ဖီအိုရင်တီးနားကို ၃-၀ ဖြင့် အနိုင်ရတဲ့ ကွန်ဖရင့်လိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် VAR ဒိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။
ယင်းနောက် သူဟာ ယင်းနေ့မှာပင် ဆယ်ကျော်သက်လူငယ်တစ်ဦးအား လိင်အနိုင်ကျင့်မှုအတွက် တိုင်ကြားခြင်းခံခဲ့ရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာပါ။
ဒါပေမဲ့ ရဲတပ်ဖွဲ့က အမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးချိန်တွင် ခိုင်လုံတဲ့သက်သေအထောက်အထား မတွေ့ရှိမှုကြောင့် ရုတ်သိမ်းခဲ့ပါတယ်။

image