7 ရက် - ဘာသာပြန်ပါ။

ပရိသတ်များ ဂုဏ်ယူရတဲ့ အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ပေးလိုကြောင်း လီဗာပူးနည်းပြအိုင်ရာအိုလာ ပြောကြားလာ
=====================

လီဗာပူးနည်းပြသစ်အန်ဒိုနီအိုင်ရာအိုလာက လီဗာပူးပရိသတ်များ ဂုဏ်ယူရတဲ့ အသင်းတစ်သင်း တည်ဆောက်ပေးလိုကြောင်းနှင့် ထိပ်တန်းအဆင့်အလုပ်အတွက် အပြည့်အဝတာဝန်ယူရန် ဆောင်ရွက်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အသက် ၄၄ နှစ်ရှိ စပိန်လူမျိုးနည်းပြဟာ ဘုန်းမောက်တွင် အောင်မြင်တဲ့ သုံးရာသီ ကြုံခဲ့ရပြီးနောက် လီဗာပူးနည်းပြသစ်အဖြစ် ၂ နှစ်စာချုပ်ဖြင့် ခန့်အပ်ခြင်းခံလာခဲ့ရသူလည်း ဖြစ်ပါတယ်။
လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘုန်းမောက်ထက် တစ်ဆင့်အမြင့် အဆင့် ၅ နေရာဖြင့် အဆုံးသတ်ရပြီးနောက် နည်းပြအန်းဆလော့ကို ထုတ်ပယ်ခဲ့ပါတယ်။
အိုင်ရာအိုလာက "ဘောလုံးကို တွေးပါတယ်။ ပြီးတော့ လီဗာပူးနဲ့ ချိတ်ဆက်နေမှုကိုပါ။ လူတွေနဲ့ ချိတ်ဆက်နေမှုကိုပါ။ ကျွန်တော်တို့ပရိသတ်တွေနဲ့ ချိတ်ဆက်နေမှုပါ"လို့ ပထမဆုံး လီဗာပူးနည်းပြအဖြစ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ၎င်းက "ကျွန်တော်က အန်ဖီးလ်ရဲ့တခြားဖက်မှာ ရှိခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ရာသီ ပထမဆုံးနေ့မှာ ချီယေဆာ ဂိုးသွင်းသွားတာ(လီဗာပူးက ဘုန်းမောက်ကိုနိုင်)တဲ့ အတွေ့အကြုံကြုံဖူးတယ်။ ကွင်းကို ခံစားနိုင်တယ်။ ကျွန်တော်တို့ ကစားတဲ့အချိန်တိုင်းလည်း ချစ်ခြင်းခံစားရချင်တယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာဖို့ ကျွန်တော်တို့အပေါ် မူတည်တယ်။ ကွင်းထဲက ဖြစ်လာတယ်။ အလုပ်ကြိုးစားအားထုတ်တဲ့၊ ပြင်းထန်တဲ့၊ ရန်လိုတဲ့၊ ဒေါင်လိုက်ကစားဟန်နဲ့ ကစားတဲ့အသင်းမျိုး ဖြစ်ချင်တယ်။ ဒါမှ ဒီအသင်းကို လူတွေ ခွဲခြားသိမြင်နိုင်မယ်။ ဒီအသင်းကို လူတိုင်း သက်တောင့်သက်သာအားပေးနိုင်တာ ခံစားနိုင်မယ်"လို့ ပြောကြားသွားပါတယ်။
အိုင်ရာအိုလာဟာ ဘုန်းမောက်အား မကိုင်တွယ်မီ ဆိုက်ပရပ်စ်ကလပ် AEK လာနာကာ၊ စပိန်ကလပ်များဖြစ်ကြတဲ့ မီရန်ဒက်စ်၊ ဗယ်လီကာနိုတို့ကဲ့သို့ အသင်းငယ်များကိုသာ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒါ့အပြင် အိုင်ရာအိုလာက ကမ္ဘာ့အကြီးမားဆုံးကလပ်များထဲမှ တစ်ခုဖြစ်တဲ့ လီဗာပူးမှာ ကြုံလာရမဲ့ စိန်ခေါ်မှုများအတွက် ပြင်ဆင်ထားကြောင်း ဆိုသွားပါတယ်။
အိုင်ရာအိုလာက"ဒီအတွက် အသင့်ဖြစ်နေပါပြီ။ ဒီကလပ်က ကြီးမားတဲ့ကလပ်ဆိုတာ နားလည်ပါတယ်။ အခု ကျွန်တော် ပြောသမျှအားလုံး အကြီးမားဆုံးစစ်ဆေးမှု ဖြစ်လာပါမယ်။ အမှားတွေကို အထူးသတိထားရတော့မယ်။ ဒါပေမဲ့ အရမ်းကြီးတော့ ဂရုမစိုက်လိုပါဘူး။ ပုံမှန်အတိုင်းပဲ လုပ်သွားချင်တယ်။ လေ့ကျင့်ရေးကွင်းနဲ့ အိမ်မှာပဲ သီးသန့်မနေထိုင်လိုပါဘူး။ မြို့ထဲသွားချင်တယ်။ မြို့ရဲ့အတွေ့အကြုံလိုချင်တယ်။ ကျွန်တော် ဓာတ်ပုံတချို့ ရိုက်ချင်တဲ့ နေရာတချို့ကိုလည်း သိထားပါတယ်။ ဒါက လီဗာပူးမန်နေဂျာဖြစ်လာမှုရဲ့ မှော်အစိတ်အပိုင်းတစ်ရပ်ပါ။ အများကြီး မပြောင်းလဲချင်ပါဘူး"လို့ ပြောကြားသွားပါတယ်။

image