ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲတည်းသာ ပွဲထွက်ကစားရသေးတဲ့ ဆန်းတို့စ်ကို ပေါင်သန်း ၅၀ ဖြင့် ယူနိုက်တက်ခေါ်ယူလာ
=====================

ယူနိုက်တက်က ချဲလ်ဆီးမှ အင်ဒရေဆန်းတို့စ်အား ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာလာပါတယ်။
ဘရာဇီးအလယ်တန်းကစားသမားဟာ မိုက်ကယ်ကာရစ်လက်ထက် ယခုနွေရာသီတွင် ယူနိုက်တက်သို့ ပထမဆုံး ရောက်လာတဲ့ကစားသမားလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အက်စတွန်ဗီလာမှ ဘယ်ဂျီယံကွင်းလယ်ကစားသမားယူရီတီလီမန်းစ်ကို ခေါ်ယူရေး နီးစပ်လာချိန်တွင် အင်ဒရေဆန်းတို့စ်အား ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာတာလည်း ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ရှိ ဆန်းတို့စ်ဟာ အန်ဆယ်လော့တီရဲ့ ဘရာဇီးကမ္ဘာ့ဖလားလူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဗာစကိုဒဂါးမားမှ ပြောင်းလာပေမဲ့ ပြီးခဲ့တဲ့ရာသီကမှ ချဲလ်ဆီးအတွက် ပထမဆုံးပွဲကစားခွင့်ရခဲ့တာပါ။
သူဟာ ချဲလ်ဆီးပိုင်ရှင် BlueCO က ပိုင်ဆိုင်တဲ့ စထရာဘော့သို့ အငှားဖြင့် ၁၈ လအငှားဖြင့် သွားကစားခဲ့ရပြီး ခြေစွမ်းပြကစားနိုင်ခဲ့ရုံသာမက အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူခွင့်ရခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆန်းတို့စ်အတွက် ချဲလ်ဆီးကို ပေါင် ၄၈ သန်းပေးရမှာ ဖြစ်ပြီး ကျန် ပေါင် ၂ သန်းကို စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ထပ်မံပေးရပါမယ်။
သူဟာ ယူနိုက်တက်နှင့် ၁ နှစ်စာချုပ်သက်တမ်းတိုးနိုင်မဲ့အချက်ပါ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဆန်းတို့စ်ကို ပေါင် ၁၀ သန်းဝန်းကျင်ဖြင့် ဝယ်ယူပြီးနောက် အမြတ်များစွာဖြင့် ရောင်းချလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးပထမအသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။
သူဟာ ချဲလ်ဆီးအတွက် ၄၇ ပွဲကစားခဲ့ရာမှာ ၂၆ ပွဲတည်းသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲတည်းသာ ပွဲထွက်ခွင့်ရခဲ့သလို မိနစ် ၁၃၀၀ တည်းသာ ကစားခွင့်ရခဲ့ပါတယ်။
သူဟာ ချဲလ်ဆီးတွင် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၇ ကိုပင် ယူနိုက်တက်မှာလည်း ဝတ်ဆင်လာပါမယ်။
ယူနိုက်တက်ကစားသမားဖြစ်လာပြီးနောက် ဆန်းတို့စ်က "အရိုးသားဆုံး ပြောရရင် ငယ်စဉ်ကတည်းက ဒီလို အခိုက်အတန့်ကြုံလာဖို့ အိပ်မက်မက်လာခဲ့တာပါ။ သမိုင်းကြောင်းအရ ဒီအမှတ်တံဆိပ်အတွက် တာဝန်ယူမှု ရှိလာပါတယ်။ ဒီအတွက်ပဲ ဒီကို ရောက်လာတာပါ။ ဒီအသင်းနဲ့အတူ အမှတ်တရအဖြစ်အပျက်တွေ ဖန်တီးဖို့ မစောင့်နိုင်တော့ပါဘူး။ စွမ်းအင်နဲ့ ယှဉ်ပြိုင်မှုတွေ၊ ဘောလုံးရယူပြီး ရှေ့သို့ သယ်ဆောင်တာတွေ လုပ်ပေးသွားမယ်။ ဒီကလပ်အတွက် အရာအားလုံးပေးသွားမယ်။ ဒီကို ရောက်လာခွင့်ရလို့ အရမ်းပျော်တယ်။ အခုက စပြီး ဒီကြီးမားတဲ့ကလပ်ရဲ့ သမိုင်းမှာ ကျွန်တော့်အမည်ကို ရေးသားသွားပါမယ်"လို့ ပြောကြားသွားပါတယ်။

image