မိုးကြိုးက အင်္ဂလန်နှင့် အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို ရိုက်ခတ်လာဖို့ ရှိနေ
======================
အင်္ဂလန်နှင့် အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ဟာ မိုးကြိုးပစ်ခတ်မှုများရဲ့ ရိုက်ခတ်မှုဒဏ် ခံလာရဖို့ ရှိနေပါတယ်။
အင်္ဂလန်ဟာ လာမဲ့ ဗုဒ္ဓဟူးနေ့တွင် အာဂျင်တီးနားနှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ရာသီဥတုခန့်မှန်းချက်များအရ ဆိုးရွားတဲ့ရာသီဥတုကြုံလာရဖို့ ရှိနေပါတယ်။
တူချယ်ရဲ့ အင်္ဂလန်ဟာ အတ္တလန္တာသို့ သွားရောက်ကာ အာဂျင်တီးနားနှင့် ကစားရမှာ ဖြစ်ပြီး ယင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုများနှင့် ကြုံလာရမယ်လို့ ယုံကြည်ရပါတယ်။
ပွဲမတိုင်မီ ၂ ရက်အလို ယနေ့ တနင်္လာနေ့ ရာသီဥတုခန့်မှန်းချက်များအရ ပွဲနေ့တွင် မိုးကြိုးမုန်တိုင်းတိုက်ခတ်မှုများ ကြုံလာရမယ်လို့ သိရပါတယ်။
ရေကြီးမှုဖြစ်နိုင်တယ်လို့ ခန့်မှန်းထားသလို အပူချိန်မှာလည်း ၃၀ ဒီဂရီကျော်လာမယ်လို့ ခန့်မှန်းထားပါတယ်။
အင်္ဂလန်ဟာ ကွန်ဂိုအား အနိုင်ရတဲ့ ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် အတ္တလန္တာတွင် လေအေးစက်ပါ ကွင်းမှာ ကစားခဲ့ရသလို အာဂျင်တီးနားမှာလည်း အီဂျစ်နှင့် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အား ယင်းကွင်းတွင် ကစားခဲ့ရပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းရဲ့ ၈ မိုင်ပတ်လည်တွင် မိုးကြိုးပစ်ခတ်မှု ရှိပါက ကစားသမားများနှင့် ပရိသတ်များရဲ့ လုံခြုံရေးအတွက် ပွဲကို မိနစ် ၃၀ စီ ရွှေ့ဆိုင်းတဲ့ စနစ်ကို အသုံးပြုနေပါတယ်။
အင်္ဂလန်ဟာ နော်ဝေနှင့် ကွာတားဖိုင်နယ်ပွဲစဉ်တုန်းက ဆိုးရွားတဲ့ ရာသီဥတုကြုံနိုင်တယ်လို့ ခန့်မှန်းချက် ထွက်ခဲ့ပေမဲ့ သတ်မှတ်အချိန်တွင်ပင် ကစားနိုင်ခဲ့ပါတယ်။