ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်လူနေအဆောက်အအုံ ၇၂ လုံး ဖြိုချဖျ-က်ဆီးပြီးဖြစ်ကာ ဖျ-က်ဆီးရန် (၅)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လေ-ာင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျ-က်ဆီးခြင်းနှင့် စနစ်တကျဖျ-က်ဆီးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ကိုးထပ်အဆောက်အအုံတစ်လုံးအား ထပ်မံ၍ စနစ်တကျ မိုင်းခွဲဖေ-ာက်ခွဲဖျ-က်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လေ-ာင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျ-က်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖေ-ာက်ခွဲ၍ ဖျ-က်ဆီးမည့် အဆောက်အအုံ ၂၀ ဟု အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ကာ စနစ်တကျ ဖြိုချဖျ-က်ဆီးလျက်ရှိသည်။
ဖေ-ာက်ခွဲဖျ-က်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၂၀ အနက်မှ ကိုးထပ်အဆောက်အအုံတစ်လုံးကို စနစ်တကျထပ်မံ၍ မိုင်းခွဲဖျ-က်ဆီးခဲ့ခြင်းဖြစ်သည်။
ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် ယနေ့အထိ အွန်လိုင်းလိမ်လည်လေ-ာင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံ စုစုပေါင်း ၇၂ လုံးအား စနစ်တကျ ဖြိုချဖျ-က်ဆီးပြီးဖြစ်ကြောင်းနှင့် ပျ-က်ဆီးရန် ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၅ လုံးကိုလည်း ထပ်မံဖျ-က်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

image