4 ရက် - ဘာသာပြန်ပါ။

အင်္ဂလန်နှင့်နော်ဝေပွဲတွင် ပွဲကြည့်စင်မှ နှင်ထုတ်ခံခဲ့ရတဲ့ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး မင်းသမီး
====================

အလက်ဇန္ဒားဒက်ဒါရီယိုဟာ အင်္ဂလန်အသင်းရဲ့ နော်ဝေနှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ပွဲကြည့်စင်မှ နှင်ထုတ်ခြင်းခံခဲ့ရပါတယ်။
The White Lotus နှင့် Baywatch ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဟာ ယခုနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းသို့ ကိုယ်တိုင်လာရောက်ကြည့်ရှုအားပေးလာခဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ှရိ ဒက်ဒါရီယိုဟာ အင်္ဂလန်ရဲ့ ဂါနာနှင့်ဂိုးမရှိသရေကျတဲ့ပွဲကိုလည်း လာကြည့်ခဲ့ကာ အင်္ဂလန်ဂန္ထဝင်ကစားသမားဒေးဗစ်ဘက်ဟမ်းကို လှောင်ပြောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူမဟာ မိုင်ယာမီတွင် အင်္ဂလန်က နော်ဝေကို ၂-၁ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ နှင်ထုတ်ခံခဲရပါတယ်။
ယင်းပွဲကို ဟောလီးဝုဒ်မင်းသမီးဟာ အထူးတန်းလက်မှတ်ဝယ်ယူပြီး ကြည့်ရှုခဲ့တာပါ။ ဒါပေမဲ့ သူမဟာ ပွဲကို အနီးကပ်ကြည့်နိုင်ရေး ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ သူမကို အင်္ဂလန်ပရိသတ်များက မြင်ကွင်းကွယ်နေတယ်ဆိုပြီး စောဒကတက်ခြင်းခံခဲ့ရပါတယ်။
ကမ္ဘာ့ဆောင်ဆွဲမှုအရှိဆုံးမင်းသမီးအဖြစ် တင်စားခြင်းခံရတဲ့သူမကို ကွင်းလုံခြံရေးများ ရောက်လာကာ ပွဲကြည့်စင်မှ ဖယ်ရှားခဲ့ကြပါတယ်။
သူမဟာ ကိုယ့်နေရာမှာ မဟုတ်ဘဲ အခြားနေရာမှ ပွဲကြည့်ရန် ကြိုးပမ်းမှုနှင့်အတူ နှင်ထုတ်ခံလာရတာလည်း ဖြစ်ပါတယ်။

image