2 ပတ် - ဘာသာပြန်ပါ။

အသစ်ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရ အင်္ဂလန်ရဲ့ နော်ဝေပွဲစဉ်မှ ချေပဂိုးအား ခွင့်မပြုသင့်ကြောင်း သက်သေပြလာ
=====================

နော်ဝေပရိသတ်များက ဘောလုံးအား မမြင်ရတဲ့ အခိုက်အတန့် ကြုံရပြီးနောက် အင်္ဂလန်ရဲ့ ချေပဂိုးအား ခွင့်မပြုသင့်ဘူးလို့ အခိုင်အမာပြောဆိုနေကြကာ အကြီးအကျယ် ဒေါသထွက်လျက်ရှိကြပါတယ်။
အင်္ဂလန်ဟာ ဂျူ့ဘယ်လင်ဂမ်ရဲ့ ပထမပိုင်းပြီးခါနီးဂိုးဖြင့် နော်ဝေနှင့် ကမ္ဘ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အဖိုးတန်ချေပဂိုး ရရှိခဲ့ပါတယ်။
ဒါပေမဲ့ အနှေးပြကွက်များအရ အော်ဂျန်နိုင်လန်က ဘောလုံးအား ကန်တင်လိုက်ချိန်တွင် ကွင်းအပေါ်ဘက်ရှိ ကောင်းကင်ကင်မရာနှင့် ထိမိခဲ့ကြောင်း တွေ့ရပါတယ်။
ယင်းသို့ ထိမိပြီးနောက် အီးလီးယော့အင်ဒါဆင်က ဘောလုံး ရရှိခဲ့ပြီး အန်တိုနီဂေါ်ဒွန်ကို ဘောလုံးပေးပို့ခဲ့ပါတယ်။ ဂေါ်ဒွန်ရဲ့ ခင်းပေးမှုကနေ ဘယ်လင်ဂမ်က အနိုင်ဂိုးသွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
ဖီဖာရဲ့ စည်းမျဉ်းအရ ကွင်းအပေါ်ဘက်ရှိ ကင်မရာနှင့် ထိမိခဲ့တဲ့ ဘောလုံးအား DROP BALL အဖြစ် သတ်မှတ်ပါတယ်။
ဒါကြောင့်လည်း အင်္ဂလန်ရဲ့ ချေပဂိုးအား ခင့်မပြုခဲ့သင့်ပါဘူး။ ဒါ့အပြင် VAR ကလည်း ကြားဝင် စစ်ဆေးမှုပြုလုပ်လာသင့်ပါတယ်။
နော်ဝေနည်းပြစတဲလ်ဆိုလ်ဘက်ကင်ဟာ ဒိုင်လူကြီးကလီးမန့်တော်ပင်အား ဒေါသတကြီး စောဒကတက်ခဲ့တာ တွေ့ရပါတယ်။ သူဟာ ဘောလုံးနှင့် ကင်မရာထိမိခဲ့ကြောင်းလည်း လက်ညှိုးညွန်ပြခဲ့ပါသေးတယ်။ ဒါ့အပြင် ကစားသမားများကလည်း ကောင်းကင်ကို ညွန်ပြကာ ဘောလုံးနှင့် ကင်မရာိခဲ့ကြောင်း စောဒကတက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းအတွင်းတွင် ဖီဖာက ဘောလုံးနှင့် ကင်မရာတို့ ထိခိုက်မိခြင်း ရှိ/မရှိ စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် ထိမိခဲ့ခြင်း မရှိကြောင်း ကြေညာသွားပါတယ်။
တဖက်တွင် အင်္ဂလန်ကလည်း နော်ဝေတို့ ဦးဆောင်ဂိုး မသွင်းမီ ဟယ်ရီကိန်း ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရကြောင်း စောဒကတက်ခဲ့ပါတယ်။
အင်္ဂလန်ဟာ ပွဲပြီးခါနီးတွင် ဘယ်လင်ဂမ်ရဲ့ အနိုင်ဂိုးဖြင့် နော်ဝေအား ၂-၁ ဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် ဆွစ်ဇာလန်ကို ၃-၁ ဖြင့် အနိုင်ယူလာခဲ့တဲ့ အာဂျင်တီးနားနှင့် ရင်ဆိုင်ကစားရပါမယ်။

image