5 ရက် - ဘာသာပြန်ပါ။

ချဲလ်ဆီးရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းရန် ဂါနာချို ပျက်ကွက်လာ
=======================

အလီဂျန်ဒရိုဂါနာချိုဟာ ချဲလ်ဆီးရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းလာခြင်း မရှိကြောင်း သိရပါတယ်။ ချဲလ်ဆီးဘက်က အာဂျင်တီးနားတောင်ပံကစားသမားကို ရောင်းချရန် ကြိုးပမ်းနေမှုနှင့်အတူ ကလပ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းလာခြင်း မရှိတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ကြာသပတေးနေ့တုန်းက ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ် တင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်မရတဲ့ အသင်းများ ပါဝင်ခဲ့ပေမဲ့ ဂါနာချိုကတော့ ပါဝင်လာခြင်း မရှိပါဘူး။
အသက် ၂၀ နှစ်ရှိ ဂါနာချိုဟာ နွေရာသီတုန်းက ယူနိုက်တက်မှ ပေါင်သန်း ၄၀ ဖြင့် ၇ နှစ်စာချုပ်ဖြင့် ပြောင်းလာခဲ့ပေမဲ့လည်း အနာဂတ် မရေမရာ ဖြစ်နေမှုနှင့်အတူ ကလပ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် မပူးပေါင်းလာတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဂါနာချိုအား အငှားဖြင့် ခေါ်ယူရန် စီးရီးအေကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပေမဲ့လည်း ပေါင် ၄၃ သန်းဖြင့် အပြီးသတ်ရောင်းချရန်သာ စိတ်ဝင်စားနေပါတယ်။
ပရီးမီးယားလိဂ်ကလပ်များနှင့် ဆော်ဒီကလပ်တို့ကလည်း ဂါနာချိုအား ခေါ်ယူရေး စိတ်ဝင်စားနေကာ အပြောင်းအရွှေ့ ဖြစ်မြောက်လာပါက ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်းကို ကလပ်ဟောင်းယူနိုက်တက်တို့ ခံစားခွင့် ရရှိလာပါမယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲ ၂၄ ပွဲကစားခဲ့ရာမှာ ၁ ဂိုးတည်းသာ သွင်းနိုင်ခဲ့တာဖြစ်ပြီး မာရက်စ်ကာ၊ ရိုဆင်နီယာတို့ လက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိရေး ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ နည်းပြသစ်ဇာဘီးအလွန်ဆို လက်အောက်တွင်ကို ပြန်လည်တည်ဆောက်လာမှာ ဖြစ်ပြီး ဂါနာချိုမှာ အရောင်းစာရင်းတင်ခြင်းခံထားရသူများထဲတွင် ပါဝင်နေပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီတွင် အတ္တလန္တာမှ နောက်တန်းအစွန်လူမာကိုပယ်လက်စထရာကို ပေါင် ၄၇ သန်းဖြင့်လည်းကောင်း၊ စပို့တင်းမှ တောင်ပံကစားသမားဂျီယိုဗန်နီကွန်တာကို ပေါင်သန်း ၄၀ ဖြင့်လည်းကောင်း ခေါ်ယူထားပါတယ်။
၎င်းတို့ဟာ မာ့ခ်ကူကူရယ်လာကို ရီးရဲလ်မက်ဒရစ်သို့ ‌ပေါင် ၅၂ သန်း၊ တိုင်ရီကေးဂျော့ကို‌ ‌ပေါင် ၂၄ သန်းဖြင့် အဲဗာတန်ထံသို့ ရောင်းချထားပါတယ်။

image