ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ အာမခံကြေး ဘတ် ၅ သိန်းကို မိသားစုထံ ပထမအကြိမ် ပေးအပ်
ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇွန်လအ တွင်း ယာဉ်မတော်တဆမှုကြောင့် ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ အာမခံကြေး ထုတ်ယူနိုင်ရေးကို မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်အဖြစ် ဘတ် ၅၀၀,၀၀၀ ကို ဇနီးဖြစ်သူထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံး၏ ဇူလိုင် ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ ေ-သဆုံးသူ၏ ပုဂ္ဂလိကအာမခံကုမ္ပဏီထံမှ ရရှိသင့်သည့် အာမခံကြေး စုစုပေါင်း ဘတ် ၁,၅၀၀,၀၀၀ ထုတ်ယူနိုင်ရေးကို ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအာမခံကြေးအနက် ပထမအကြိမ်အဖြစ် ဘတ် ၅၀၀,၀၀၀ ကို ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်းတွင် အလုပ်သမားသံအရာရှိရုံး၌ ေ-သဆုံးသူ၏ ဇနီးဖြစ်သူထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံးကလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများဘေးအန္တရာယ်ကင်းရှင်းပြီး အလုပ် အကိုင်များအဆင်ပြေကြစေရန် ဆုတောင်း စကားထုတ်ပြန်ထားသည်