မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ၂၀၂၆ အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဂျပန်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ (Asian Games) တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း Asian Football က ထုတ်ပြန်ထားသည်။
ယင်းပြိုင်ပွဲတွင် မြန်မာအသင်းအပြင် အာဆီယံဒေသမှ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းအမျိုးသမီးလက်ရွေးစင်အ သင်းတို့လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိထားသည်။
ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းတို့မှာ AFC Women’s Asian Cup 2026 ပြိုင်ပွဲမှ ရရှိခဲ့သည့် အဆင့်သတ်မှတ်ချက်များအရ တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနှင့် ထိုင်းအသင်းတို့မှာ အခြားအသင်းအချို့ နုတ်ထွက်သွားသဖြင့် အစားထိုးဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
၂၀၂၆ အာရှအားကစားပြိုင်ပွဲကို စက်တင် ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ဂျပန်နိုင်ငံ အိုင်ချီနှင့် နာဂိုယာမြို့တို့တွင် ကျင်းပမည်ဖြစ်ပြီး အမျိုး သမီးဘောလုံးပြိုင်ပွဲတွင် အသင်းစုစု ပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

image