(၁၂)ရက်ကြာပြုလုပ်ခဲ့သည့် (၁၆၆)ကြိမ်မြောက် မြန် မာ-တရုတ်-လာအို-ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်မှုပြီးဆုံး
(၁၂)ရက်ကြာ တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုအဖြစ်ပြုလုပ်သည့် (၁၆၆)ကြိမ်မြောက် မြန်မာ-တရုတ်-လာအို-ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်မှုပြီးဆုံးပြီဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။
အဆိုပါ လေးနိုင်ငံပူးတွဲကင်းလှည့်ခြင်းအား "မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် နယ်နိမိတ်မရှိ၊ လက်တွဲ၍ မူးယစ်အန္တရာယ်ပပျောက်အောင်ဆောင်ရွက်စို့"ခေါင်း စဉ်ဖြင့် တရားဥပဒေစိုးမိုးရေးရေယာဉ်(၆)စီး၊ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်(၁၀၆)ဦးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(၁၂)ရက်တာကာလအတွင်း မူးယစ်ဆေးဝါးရာဇဝတ်မှုများကိုတိုက်ဖျက်ရန် အဓိကထားပြီး အွန်လိုင်းလိမ် လည်လောင်းကစားမှုများ၊ နယ်စပ်ဖြတ်ကျော်လောင်း ကစားမှုများ၊ အတုအပပြုလုပ်မှုနှင့် မှောင်ခိုကူးမှုစသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုအရေးယူနှိမ် နင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် လာအိုနိုင်ငံ၊ Houayxay မြို့၌ ဘက်စုံသတင်းအချက်အလက်ဖလှယ်ပွဲအစည်းအဝေးကျင်းပ၍ ပူး ပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီခဲ့ကြပြီး တရုတ်-လာအို-မြန်မာ သုံးပွင့်ဆိုင်လက်တွေ့စစ်ဆင် ရေးပူးတွဲစခန်းချလေ့ကျင့်မှုများကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။