3 ရက် - ဘာသာပြန်ပါ။

(၅)နှစ်အတွင်း အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်း
သယ်ယူပို့ဆောင်ရေးစီမံကိန်းများကိုပြီးစီးအောင်ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

(၅)နှစ်အတွင်း အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းများကို အရှိန်အဟန့်မြှင့်၍ ပြီးစီးအောင်ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စီမံကိန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်စဥ် တာဝန်ရှိသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။
" အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကောင်းမွန်စေရေးဟာ နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးပါတယ်။ ဒါ့ကြောင့် စီမံကိန်းတွေကို မြန်ဆန်စွာအကောင်အထည်ဖော်နိုင်မယ့်နည်းလမ်းတွေရှာဖွေပြီး အမြန်ဆုံးဆောင်ရွက်သင့်ပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
ယင်း လမ်းကြောင်းများဖွင့်လှစ်နိုင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်မှုနှင့် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပမာဏတိုးမြှင့်ရေးတို့ကိုများစွာအထောက်အကူပြုမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတက စီမံကိန်းများအကောင်အ ထည်ဖော်ရာတွင် လုံခြုံရေးကိုအထူးဂရုပြုဆောင်ရွက်ရန်၊ လမ်းများကို နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီတည်ဆောက်ရန်၊ ယခင် အာရှအဝေးပြေးလမ်းမကြီးတွင် တရားမဝင်ဆက်ကြေးကောက်ခံမှုများဖြစ်ပေါ်ခဲ့သဖြင့် ယခုအကောင်အထည်ဖော်မည့် စီမံကိန်းလမ်း ကြောင်းတွင် အလားတူဖြစ်စဉ်များမဖြစ်ပေါ်စေရေးဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ် ယူပို့ဆောင်ရေးစီမံကိန်းတို့၏ လက်ရှိဆောင်ရွက်ပြီးစီးမှု၊ ကျန်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်အကောင်အ ထည်ဖော်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

image