အာဘီလိုအာကို နည်းပြသစ်အဖြစ် ဖူလ်ဟမ် ခန့်အပ်လာ
===================

ဖူလ်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းအယ်ဗာရိုအာဘီလိုအာအား နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်လာပါတယ်။
အသက် ၄၃ နှစ်ရှိ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာ ဘင်ဖီကာအား ကိုင်တွယ်ရန် ထွက်ခွာသွားတဲ့ မာကိုဆေးလ်ဗားနေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာပါ။
လီဗာပူးနှင့် ဝက်စ်ဟမ်နောက်ခံလူဟောင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။
ဖူလ်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးလာခဲ့တဲ့ မာကိုဆေးလ်ဗားအား ကလပ်သမိုင်းတွင် အမြင့်ဆုံးလုပ်ခဖြင့် သက်တမ်းတိုးရေး ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်မှုနှင့်အတူ အာဘီလိုအာအား ခန့်အပ်ခဲ့တာပါ။
ဖူလ်ဟမ်ဟာ အာဘီလိုအာအား မခန့်အပ်မီ သောမတ်စ်ဖရန့်နှင့် အစ္စဝှစ်ချ်နည်းပြဟောင်းကီရန်မက်ကန်နာတို့အား ခန့်အပ်ရန် ကြိုးပမ်းခဲ့ပေမဲ့ လုပ်ခ ပေါင် ၈ သန်းတောင်းဆိုမှုကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။
အာဘီလိုအာဟာ ဇန်နဝါရီလတုန်းက ရီးရဲလ်မက်ဒရစ်ယာယီနည်းပြအဖြစ် မခန့်အပ်မီ ရီးရဲလ်မက်ဒရစ်တွင် လူငယ်အသင်းများကိုသာ ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်အား ၂၈ ပွဲကိုင်တွယ်ခဲ့ရာတွင် လာလီဂါတွင် ဒုတိယနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
အာဘီလိုအာဟာ ရီးရဲလ်မက်ဒရစ်တွင် လက်တွဲခဲ့တဲ့ တိုက်စစ်သမားဖရန်ကိုမာစတန်တူအိုနို၊ နောက်တန်းအစွန်လူဖရန်ဂါစီယာနှင့် တိုက်စစ်မှူးဂွန်ဇာလိုဂါစီယာတို့အား ဖူလ်ဟမ်သို့ ခေါ်ဆောင်နိုင်ရေး ကြိုးပမ်းနေပါတယ်။

image